Pages

Sunday, May 26, 2019

စမ်းချောင်း တိုက်ခန်းမီး ၁၈ မိနစ်ဖြင့် ငြှိမ်းသတ်

စမ်းချောင်းမြို့နယ် ဒဂုံ စင်တာ(၁)အရှေ့ဘက် မဟာ ဘောဂလမ်းရှိ အထပ်မြင့်တိုက် ခန်းတွင် ယမန်နေ့ညဦးပိုင်းက လောင်ကျွမ်းခဲ့သောမီးကို မိနစ် ၂၀ ခန့်အတွင်း ငြှိမ်းသတ်နိုင်ခဲ့ သည်။ တိုက်အပေါ်ဆုံးအထပ် ရှစ် လွှာ၊ ညာဘက်အခန်း၌ ယမန် နေ့ည ၇ နာရီ ၂ မိနစ်က စတင် လောင်ကျွမ်းခဲ့ပြီး ၁၈ မိနစ်ခန့် အကြာ ည ၇ နာရီ မိနစ် ၂၀ တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့၏ တရားဝင် ဖေ့စ်ဘွတ်ခ်က သတင်းထုတ်ပြန် သည်။ မီးလောင်ကျွမ်းမှု အဆင့် (၁)သတ်မှတ်ခဲ့ပြီး ယာဉ်အုပ်စု ဖြင့် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန် သည်။ မီးလောင်သည့် တိုက်ခန်း တွင် နေထိုင်သူများသည် ဈေး သည်များဖြစ်ပြီး မီးလောင်ချိန်၌ နေအိမ်တွင်မရှိကြောင်း ယင်းလမ်း အတွင်းနေထိုင်သူများက ပြော သည်။ မီးအားပြင်းပြင်းဖြင့် လောင် ကျွမ်းခဲ့သော်လည်း လူထိခိုက်၊ သေဆုံးမှုမရှိဘဲ မီးလောင်ရသည့် အကြောင်းရင်းနှင့် ဆုံးရှုံးမှုတို့ကို စစ်ဆေးနေကြောင်း မီးသတ် တပ်ဖွဲ့ဝင်အချို့က ပြောသည်။

No comments:

Post a Comment