Pages

Sunday, May 12, 2019

ကျိုင်းတုံမြို့နယ်တွင် စပါးရိတ်သိမ်းသူများထံ စိတ်ကြွဆေးပြားလိုက်လံရောင်းချနေသည့် အမျိုးသားတစ်ဦးကို ဖမ်းမိ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ကတ်တောင်ကျေးရွာအုပ်စု၊ ဟိုဝိန်းကျေးရွာအဝင်တွင် ၂၀၁၉ ခုနှစ်၊ မေလ (၁၁)ရက်နေ့ ည(၁၁)နာရီခွဲဝန်းကျင်က စိတ်ကြွဆေးပြား (၂၆၅)ပြားဖြင့် ဖမ်းမိသည့်အမျိုးသားမှာ စပါးရိတ်နေသူများထံ စိတ်ကြွဆေးပြား လိုက်လံရောင်းချပေးနေသူဖြစ်သည်ဟု ရဲတပ်ဖွဲ့ထံမှ သိရသည်။ မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များသည် သက်သေများပါဝင်သည့်အဖွဲ့နှင့်အတူ ကျိုင်းတုံရေတံခွန်သွားလမ်း ဟိုဝိန်းကျေးရွာအဝင်တွင် တွေ့ရသည့် နန်ကျောက်အား ရှာဖွေရာ ၎င်း၏လွယ်အိတ်အတွင်းမှ စိတ်ကြွဆေးပြား (၂၆၅)ပြားကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


နန်ကျောက်သည် လွန်ခဲ့သည့် (၂)နှစ်ကတည်းက စိတ်ကြွဆေးပြားစတင်စွဲလာပြီး စိတ်ကြွဆေးအနယ်းငယ်စီကိုဝယ်ယူ၍ တစ်ဆင့်ပြန်လည်ရောင်းချနေရာ လက်ရှိတွင် စပါးရိတ်ရာသီဖြစ်သည့်အတွက် စပါးရိတ်သူများထံလှည့်လည်ရောင်းချရန်သွားစဉ် ဖမ်းဆီးခံရသည်ဟု ထွက်ဆိုကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ တွေ့ရသည့် အသက် (၃၅)နှစ်အရွယ် နန်ကျောက်ကို ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ) ၁၂၀/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment