Pages

Tuesday, May 21, 2019

နိုင်ငံ့ကောင်းကျိုးအတွက် ယုံကြည်မှု ပြန်လည်တည်ဆောက်ရမည်ဟု ဇဏ်ခီပြော

ယုံကြည်မှု တည်ဆောက်ရေးသည် ငြိမ်းချမ်းရေး ရရှိနိုင်ရန် အခရာကျကြောင်း သရုပ်ဆောင်ဇဏ်ခီက ပြော သည်။ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထောက်ပံ့ကူညီနေ သည့် Joint Peace Fund (JPF)၏‘Diversity of Peace’ ဟူသည့်  ငြိမ်းချမ်းရေးအသံများကဏ္ဍတွင် ဇဏ်ခီက ယင်းသို့ ပါဝင်ပြောကြား ခြင်း ဖြစ်သည်။



ယုံကြည်မှု တည်ဆောက် ရေးသည် ငြိမ်းချမ်းရေးရရှိနိုင်ရန် အတွက်    အခရာကျကြောင်း အလေးပေးဖြေကြားထားသည့် သရုပ်ဆောင်ဇဏ်ခီ၏ ငြိမ်းချမ်းရေး စကားသံကို JPF က ယမန်နေ့၌ ဖော်ပြခဲ့သည်။ ‘‘ယုံကြည်မှု မရှိဘဲ ငြိမ်းချမ်းရေး မရနိုင်ပါဘူး။ ကွဲလွဲမှုတွေ ကို ခဏဘေးဖယ်ထားပြီးတော့ ကျွန်တော်တို့ မျိုးဆက်တွေအ တွက်၊ နိုင်ငံ့ကောင်းကျိုးအတွက် ယုံကြည်မှု ပြန်လည်တည်ဆောက်ကြရတော့မယ့် အချိန်ရောက်ပါ ပြီ’’ ဟု သရုပ်ဆောင် ဇဏ်ခီက ပြောကြားသည်။

JPF ၏ အဆိုပါ ကဏ္ဍတွင်မြန်မာနိုင်ငံငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ထဲထဲဝင်ဝင်ပါဝင် ဆောင်ရွက်နေသူများ၊ ၀ါရင့်နိုင်ငံရေးသမားများ၊ လူမှုအဖွဲ့အစည်းတွင် ပါဝင်ဆောင်ရွက်နေသူ များနှင့် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ စုစုပေါင်း ၈၀ ခန့်၏သဘောထားကို စုစည်းဖော်ပြထားပြီး ဖြစ်သည်။ JPF သည်  ဩစတြေးလျ၊ ကနေဒါ၊ ဒိန်းမတ်၊ ဖင်လန်၊ အီတလီ၊ ဂျပန်၊ နော်ဝေး၊ ဆွစ်ဇာလန်၊ ဗြိတိန်၊ အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂတို့ဖြင့် စုဖွဲ့ထားပြီးမြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ၂၀၂၁ အထိ ကူညီပံ့ပိုးရန်ရည်ရွယ်သည့် အဖွဲ့အစည်းဖြစ်သည်။

No comments:

Post a Comment