Pages

Monday, May 20, 2019

ထိုင်းနိုင်ငံတွင် နေအိမ်၌ ဓားဖြင့် ထိုးသတ်ခံရထားရသည့် မြန်မာလုပ်သားတစ်ဦး၏ အလောင်းတွေ့

ထိုင်းနိုင်ငံ၌ နေထိုင်ရာအိမ်ခန်းအတွင်း ဓားဖြင့် ထိုးခံရသည့် ဒဏ်ရာဖြင့် သေဆုံးနေသည့် မြန်မာလုပ်သားတစ်ဦး၏ အလောင်းကို မေ ၁၉ ရက် မွန်းလွဲပိုင်းက တွေ့ရှိခဲ့ပြီး ပြစ်မှုကျူးလွန်သူကို စုံစမ်းလျက်ရှိကြောင်း မြန်မာလုပ်သားများအရေး ကူညီဆောင်ရွက်ပေးနေသည့် FED အဖွဲ့မှသိရသည်။



ထိုင်းနိုင်ငံ ၊ စမွတ်ဆာခွန်ခရိုင် ၊ မီ(င်)နယ်မြေ ၊ ထားစိုင်ရပ်ကွက် ၊ အုပ်စု(၁) ၊ စိုဝစွန်း(orange graden road)ရှိအဆောင်တစ်ခုအတွင်း ၊ မေ ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်၌ မြန်မာအလုပ်သမားတစ်ဦး ဓားဖြင့် ထိုးသတ်ခံရသည့် အမှုတစ်ခုအား စမွတ်ဆာခွန်ရဲစခန်းမှ စစ်ဆေးရေးအရာရှိဗိုလ်မှူး Mr.Amnak Kamponrနှင့် စစ်ဆေးရေးအရာရှိများ၊ စမွတ်ဆာခွန်ခရိုင် လူမှုဝန်ထမ်းဖောင်ဒေးရှင်းအဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။

အခင်းဖြစ်ပွားရာ အခန်းရှေ့ မြေပြင်၌ သွေးများပျံ့နှံ့လျက်ရှိပြီး မြန်မာအလုပ်သမား မောင်တင်လင်း အသက်(၂၃)နှစ်တွင် လည်ပင်း ၊ရင်အုံ ၊ဝမ်းဗိုက်နှင့် ဘယ်ဘက်ခြမ်းနံရိုးကြားတို့၌ ထိုးသွင်း ဒဏ်ရာလေးချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရသည်။

သေဆုံးသူသည် အခင်းဖြစ်ပွားရာအခန်း၌ တစ်ဦးတည်းနေထိုင်သူဖြစ်ပြီး မသေဆုံးမီအချိန်က အမည်မသိ ၎င်း၏သူငယ်ချင်းတစ်ဦးနှင့်အတူ အခန်းဘေး၌အရက်သောက်နေသည်တွေ့ခဲ့ရှိကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောဆိုသည်။

ပြစ်မှုကျူးလွန်သူအား အမြန်ဆုံးဖော်ထုတ်ဖမ်းစီးနိုင်ရန် အမှုစစ်ရဲအရာရှိများက အခင်း ဖြစ်ပွားရာအနီးရှိ CCTV များကို အသေးစိတ်စစ်ဆေးလျက်ရှိကာ ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment