Pages

Wednesday, May 8, 2019

ရန်ကုန်-စစ်တွေလမ်း ရာမောင်ကြိုးတံတား ၁၃ တန်အထက်ယာဉ်များ ဖြတ်သန်းခွင့်ပိတ်ပင်မှု တစ်နှစ်ခန့်ကြာမြင့်၍ ဒေသခံများအခက်ကြုံ

ရန်ကုန်-စစ်တွေကားလမ်းပေါ်ရှိ ရာမောင် ကြိုးတံတားကြံခိုင်မှုအားနည်း၍ ၁၃ တန်အထက် ယာဉ်များဖြတ်သန်းခွင့်ကို ၂၀၁၈ ခုနှစ် ဇွန်လဆန်းပိုင်းမှစ၍ ပိတ်ထားရာ တစ်နှစ်ခန့်ကြာမြင့်နေသော်လည်း ပြန်လည်ခွင့်မပြုသေး၍ ဒေသခံများ အခက်ကြုံနေရကြောင်း သိရသည်။ "ခရီးသည်ထောင်ချီရှိတယ်။ ကားက နံနက် ၉ နာရီကနေရောက်တာ ည ၉နာရီ အထိ ဇက်မကူးရသေးဘူး။ ကုန်တင်ကားတွေ ဆို နှစ်ရက်အထိ စောင့်ရတာတောင်ရှိတယ်။ ဘယ်လိုမှ အဆင်မပြေတော့ဘူး" ဟု မင်းပြား ကားဂိတ်ရှိ ရွှေလမင်းယာဉ်လိုင်းမှ ဂိတ်မှူး ဦးလှမောင်သိန်းက ပြောဆိုသည်။



ကုန်တင်ကားများနှင့် ခရီးသည်တင် Express များအား ဇက်သင်္ဘောနှစ်စင်းဖြင့် ယခင်ကအသွားအပြန် ပြေးဆွဲပေးခဲ့သော်လည်း လက်ရှိတွင် ဇက်သင်္ဘောတစ်စင်းမှာ ပြုပြင်နေသဖြင့် ဇက်သင်္ဘောတစ်စင်းတည်း ဖြင့်သာ အသွားအပြန်ပြေးဆွဲပေးရာ ကားများစွာပိတ်မိနေသဖြင့် ခရီးသွားများ အချိန်ကြန့် ကြာနေရကြောင်း သိရသည်။

ရန်ကုန်--စစ်တွေ ကားလမ်းတွင်နေ့စဉ် သွားလာနေကြသည့် ၁၃တန်အထက်ယာဉ်များ ဖြစ်သည့် ခရီးသည်တင်ကားများနှင့် ကုန်တင် ကားများမှာ ရာမောင်တံတားတွင် လေးမြို့မြစ် ကိုဇက်ဖြင့် ကူးရန်အတွက် ငါးနာရီခန့် အနည်းဆုံး စောင့်ဆိုင်းရပြီး တစ်စီးလျှင်ကျပ် ၁၅၀ဝ၀ မှ ကျပ် ၃၅၀ဝ၀အထိ ပေးဆောင်နေရကြောင်း သိရသည်။

ရာမောင်ကြိုးတံတားသည် ပုဒ်မ ၁၄၄ (ညမထွက်ရ)အမိန့်ထုတ်ပြန်ထားသော မင်းပြား မြို့နယ်ရှိ လေးမြို့မြစ်ကို ဖြတ်ကူးတည်ဆောက် ထားသည့် ကြိုးတံတားကြီးဖြစ်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ်များဖြစ်သည့် မင်းပြား၊ မြေပုံ၊ ပေါက်တော၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနှင့် စစ်တွေမြို့နယ်များမှ တခြား ပြည်နယ်နှင့်တိုင်းဒေသကြီးများသို့ ဖြတ်သန်း သွားလာသည့်အဓိကလမ်း၌ရှိကြောင်း သိရသည်။

No comments:

Post a Comment