Pages

Wednesday, May 22, 2019

ရွေးကောက်ပွဲက အကောင်းဆုံးနည်းလမ်းဖြစ်ဟု အယ်လ်ဂျီးရီးယားတပ်မတော် အကြီးအကဲ ပြော

အယ်လ်ဂျီးရီယား နိုင်ငံရေးအကျပ်အတည်းနဲ့ ဖွဲ့စည်းပုံလေဟာနယ်ကို ရှောင်ရှားဖို့ ရွေးကောက်ပွဲ ကျင်းပတာက အကောင်းဆုံးနည်းလမ်း ဖြစ်တယ်လို့ အယ်လ်ဂျီးရီးယားတပ်မတော်အကြီးအကဲက မေလ ၂၀ ရက်နေ့ မှာ ပြောလိုက်ပါတယ်။ အယ်လ်ဂျီးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့လက သမ္မတ ဘူတယ်ဖလီကာ ရာထူးက နုတ်ထွက်သွားပေမယ့် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးနဲ့ တပ်မတော်နဲ့သက်ဆိုင်တဲ့ အရာရှိအားလုံးကို ဖယ်ရှားရေး တောင်းဆို ဆန္ဒပြနေကြဆဲပါ။



နိုင်ငံပိုင်ရုပ်သံကနေ ကြေညာရာမှာ ဒုတိယဗိုလ်ချုပ်ကြီး အာမက် ဂယ် ဆာလာက ရွေးကောက်ပွဲရက်ကို မပြောကြားဘဲ ကြီးကြပ်ရေးကော်မရှင် အမြန်ဖွဲ့စည်းဖို့ တောင်းဆိုလိုက်ပါတယ်။

အယ်လ်ဂျီးရီးယား သမ္မတရွေးကောက်ပွဲကို ဇူလိုင် ၄ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် အချိန်ရွှေ့ပြောင်းနိုင်တယ်ဆိုပြီး မေလ ၁၇ ရက်နေ့မှာ သတင်းရင်းမြစ်တခုက ပြောပါတယ်။

အယ်လ်ဂျီးရီးယားနိုင်ငံမှာ လူငယ်အများစု ပါဝင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေပြီး လွတ်လပ်ရေး ရပြီးနောက်ပိုင်း နိုင်ငံမှာ လူ့မလိုင်တွေ ကြီးစိုးနေတာကို အဆုံးသတ်ဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။

No comments:

Post a Comment