Pages

Monday, May 27, 2019

တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း လာမည့် ဇွန် ၈ ရက်၌ ထုတ်ပြန်မည်

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း လာမည့်ဇွန် ၈ ရက်၌ ထုတ်ပြန်ပေးမည်ဖြစ် ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ မေ ၂၆ရက်က သိရသည်။ "ဇွန် ၈ ရက် အောင်စာရင်းထွက်မယ်။ ကျောင်းတွေကိုတော့ အကြောင်းကြားစာပို့ပြီးပြီ။ နှစ်တိုင်းလိုပဲ မထူးခြားပါဘူး"ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ် ဌာနကျောင်းများတွင် တစ်ချိန်တည်းကပ်ထားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် အောင်စာရင်းများအား သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူး ရုံးများတွင်လည်းကောင်း ဇွန် ၈ ရက် နံနက် ၆ နာရီနောက်ပိုင်း၌ စုံစမ်းမေးမြန်းနိုင် ကြောင်း သိရသည်။



တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အောင်စာရင်းများအား ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ရန်ကင်းမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ကမာရွတ်မြို့နယ်အမှတ် (၃) အခြေခံ ပညာအထက် တန်းကျောင်း၊ လမ်းမတော်မြို့နယ် အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်း၊ ဒဂုံမြို့နယ်အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းနှင့် သင်္ဃန်းကျွန်း မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့၌လည်း ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဝက်ဘ်ဆိုက်ဖြစ်သော တတတ.ာပညောမေနထော.သမါ ၌လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

No comments:

Post a Comment