Pages

Sunday, May 26, 2019

မိုးလယ်ကာလ မိုးများ၍ ရေဘေးကြိုတင်ကာကွယ်ထားရန် ဒေါက်တာထွန်းလွင် တိုက်တွန်း၊ မုတ်သုံလေ မြစ်ဝကျွန်းပေါ်သို့ ၀င်ရောက်နေ

အနောက်တောင်မုတ်သုံ လေသည် မြစ်ဝကျွန်းပေါ်ဒေသသို့  စတင်ဝင်ရောက်နေ၍ မိုးကြိုးနှင့် လေပြင်း အန္တရာယ် သတိပြုရန် နှင့် လာမည့်မိုးရာသီတွင် ပုံမှန်ထက်မိုးများနိုင်၍ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားရန် ဒေါက်တာထွန်းလွင်က  တိုက် တွန်းသည်။ ‘‘လာမယ့်ဇူလိုင်နဲ့ သြဂုတ် လထဲမှာ မိုးများမယ့် အနေအထား တွေ ခန့်မှန်းရရှိထားတယ်။ ရေ ဘေးကို အခုကတည်းက ကြိုတင် ပြင်ဆင်မှု လုပ်ထားဖို့လိုတယ်’’  ဟု မိုးလေ၀သပညာရှင် ဒေါက် တာထွန်းလွင်က   တိုက်တွန်း သည်။
လက်ရှိကာလ၌ အနောက် တောင် မုတ်သုံလေသည် မြစ်ဝ ကျွန်းပေါ်ဒေသသို့ စတင်ဝင် ရောက်နေပြီး ပဲခူး၊ ဧရာဝတီ၊ ရန် ကုန်တိုင်းဒေသကြီး၊ မွန်နှင့်ကရင် ပြည်နယ်တွင်  မိုးတိမ်တောင် လက္ခဏာဖြစ်သော မိုးကြိုးပစ် ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်း များ ဖြစ်ပေါ်နေသည်။ 

မုတ်သုံ ၀င်ပြီးနောက်စတင် မည့် မိုးဦးကာလ (ဇွန်လ) တွင် မိုးနည်းနေရာမှ ဇူလိုင်နှင့်သြဂုတ် အတွင်း  မိုးများနိုင်ပြီး ရေဘေး အတွက် ကြိုတင်ပြင်ဆင်ထားရန်  ပညာရှင်က သတိပေးသည်။ ဇူ လိုင်လသည်  ပထမရေကြီးကာလ ဖြစ်ပြီး တောင်ပေါ်ဒေသမှလွဲ၍  ကျန်ဒေသအများအပြားတွင် ဆိုး ရွားသော ရေဘေးကို နှစ်စဉ် ကြုံ တွေ့နေရသည်။  ယခုနှစ် မိုးရာသီတွင် အ နောက်တောင်မုတ်သုံလေ၀င်  ရောက်မှု ၁၅ ရက်ခန့်နောက်ကျခဲ့ ပြီး တနင်္သာရီတိုင်းဒေသကြီး၊  မွန်ပြည်နယ်ပါဝင်သော မြန်မာ နိုင်ငံတောင်ပိုင်းဒေသများသို့ မေ လ ၂၀ ရက်မှသာ ၀င်ရောက်ခဲ့ သည်။  လတ်တလောကာလ၌ မြစ်ဝကျွန်းပေါ်ဒေသသို့ ၀င် ရောက်ပြီးနောက် အလယ်ပိုင်းဒေ  သ၊ မေလကုန်ဇွန်လဆန်းတွင်    အထက်ပိုင်းဒေသများသို့ ဆက် လက် ၀င်ရောက်နိုင်ကြောင်း ဒေါက်တာထွန်းလွင်က ခန့်မှန်း ထားသည်။ အနောက်တောင်မုတ် သုံလေ    ၀င်ရောက်ရာလမ်း ကြောင်းတစ်လျှောက်  မိုးကြိုးပစ် ခြင်း၊ လေပြင်းကျခြင်းတို့ ဖြစ်ပေါ် နိုင်သော မိုးတိမ်တောင်အန္တရာယ်   သတိပြုရန်လိုအပ်နေသည်။

No comments:

Post a Comment