Pages

Tuesday, May 14, 2019

သာကေတအ၀ိုင်းအနီးမှ ရှုခင်းသာမြို့ပတ်လမ်းထိပ် အထိလမ်းပိတ်ထားမည်

သာကေတမှ သန်လျင် သို့ဆက်သွယ်မည့်ပဲခူမြစ်ကူးတံ တား၊ သန်လျင်တံတားအမှတ် (၃)  တည်ဆောက်ရန် သာကေတ ဘက်ခြမ်းချဉ်းကပ်လမ်းကို မေလ ၁၃ ရက်တွင် စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း သတင်းထုတ် ပြန်သည်။ အဆိုပါ တံတားချဉ်းကပ် လမ်းကို တည်ဆောက်နိုင်ရန် သာကေတအ၀ိုင်းအနီးမှ ရှုခင်း သာမြို့ပတ်လမ်းထိပ်အထိ မူလ ကတ္တရာလမ်းဟောင်းကို ပိတ် သိမ်းပြီး တံတားလုပ်ငန်းစတင်ဆောင်ရွက်နေခြင်း ဖြစ်သည်။
မူလလမ်းမ၏ ဘေးတစ် ဖက်တစ်ချက်စီတွင် ယာဉ်သွား လာ၍ အဆင်ပြေစေရန်   ၁၄ ပေ အကျယ်ရှိလမ်းနှစ်လမ်းကို ယခင် ကတည်းက ဖောက်လုပ်ထားပြီး ယခုတံတားလုပ်ငန်း စတင်လုပ် ဆောင်သည့်အခါတွင် ယာဉ်များကို အဆိုပါ လမ်းလွှဲများမှသွား ခွင့်ပေးမည်ဖြစ်သည်။ အဆိုပါ သန်လျင်တံတား အမှတ် (၃) ကို ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ချေးငွေဖြင့် တည်ဆောက်နေပြီး တံတားကို အပိုင်းသုံးပိုင်းခွဲ၍ လုပ်ဆောင်နေ ကာလာမည့်  ၂၀၂၁ တွင်ပြီးစီး မည်ဟု တံတားဆောက်လုပ် သူများက ခန့်မှန်းထားသည်။

No comments:

Post a Comment