Pages

Monday, May 13, 2019

ရခိုင်ပြည်နယ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာပါက ဘင်္ဂါလီပြသနာ ပြေလည်သွားမည်ဟု တရုတ်သံအမတ်ကြီးပြော

ရခိုင်ပြည်နယ်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမယ်ဆိုရင် ဘင်္ဂါလီ(မူရင်း-ရိုဟင်ဂျာ)ဒုက္ခသည်ပြသနာကို ဖြေရှင်းလို့ ရသွားမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြီးခဲ့တဲ့ သောကြာနေ့က ဒါကာမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားလိုက်ပါတယ်။ တရုတ်သံအမတ်ကြီး ကျန်းကျို့ရဲ့ အဲဒီလို ပြောကြားချက်ကို ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတစ်ဦးနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူများက ဝေဖန်နေကြပါတယ်။



ဘင်္ဂါလီပြသနာကို ရခိုင်ပြည်နယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တစ်ခုတည်းက မဖြေရှင်းပေးနိုင်ကြောင်း၊ မြန်မာအစိုးရရဲ့နိုင်ငံရေးဆိုင်ရာသဘောထားတွေက အရေးကြီးကြောင်း၊ ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီလူမျိုးတွေရဲ့ လူ့အခွင့်အရေးဟာ ခိုင်မာမှုမရှိဘူးဆိုရင် ဒီပြသနာဟာ ဖြေရှင်းလို့ရမှာ မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်ကယ်ဆယ်ရေးနဲ့နေရပ်ပြန်ရေးကော်မရှင်နာ Mohammad Abul Kalam က ပြောပါတယ်။

ဒါ့အပြင် သတင်းစာရှင်းလင်းပွဲမှာ တရုတ်သံအမတ်ကြီးက ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ(BCIM) စီးပွားရေးစင်္ကြံလမ်းစီမံကိန်းကနေ ဘင်္ဂါလီပြသနာကို ဖြေရှင်းပေးနိုင်မယ်လို့ မျှော်လင့်ပါကြောင်းလည်း ပြောကြားသွားခဲ့ပါတယ်။

(BCIM)စီးပွားရေးစင်္ကြံလမ်းဆိုတာဟာ တရုတ်နိုင်ငံက အကောင်အထည်ဖော်မယ့် ခေတ်သစ်ပိုးလမ်းမစီမံကိန်းရဲ့ ပင်မစီးပွားရေးစင်္ကြံလမ်း(၆)ခုထဲမှာ ပါဝင်နေခဲ့ပါတယ်။ ဒီစင်္ကြံလမ်းဟာ တရုတ်အရှေ့ပိုင်း ခွင်းမင်မြို့ကနေ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့၊ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့နဲ့ မြန်မာနိုင်ငံ မန္တလေးမြို့တို့ကို ချိတ်ဆက်ဖောက်လုပ်ဖို့ ရည်ရွယ်ထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်ပြီးခဲ့တဲ့ ဧပြီလက တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ကျင်းပပြီးစီးသွားခဲ့တဲ့၊ နိုင်ငံတော်၏အတိုင်ပင်ခံလည်း သွားတက်ရောက်ခဲ့တဲ့ ဒုတိယအကြိမ်မြောက် ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်းဖိုရမ်(BRF) ရဲ့ ထုတ်ပြန်ကြေညာချက် မှာတော့ (BCIM)စီးပွားရေးစင်္ကြံလမ်းကို တရုတ်အစိုးရက ထည့်သွင်းဖော်ပြထားခဲ့တာ မရှိဘူးလို့ သိရပါတယ်။

No comments:

Post a Comment