Pages

Thursday, May 16, 2019

မုံရွာမြို့ပေါ်တွင် နေ့လည်ခင်းအချိန် အိမ်တစ်အိမ် ဖောက်ထွင်းခံရ သိန်း၆၀နီးပါးတန်ဖိုးရှိ ရွှေထည်များပါသွား

မုံရွာမြို့ အရှေ့ဘက် သာစည်ရွာရှိ တ၀ဂူ ဘုရားသို့ မိသားစုလိုက်ဘုရားဖူးသွားပြီး အပြန်တွင် နေအိမ်ဖောက်ထွင်းခံခဲ့ရ၍ ရဲတပ်ဖွဲ့ထံတိုင်ထားသည်ဟု နေအိမ်ပိုင်ရှင် ရူပဗေဒ ပါမောက္ခဌာနမှူး (ငြိမ်း) ဒေါက်တာ မိမိမော်က ပြောသည်။ "အိမ်နောက်ဖေးက သံဇကာ စည်းရိုးကနေ ဝင်တာလို့ယူဆရတယ် ပြီးမှ ပြတင်းပေါက်ကနေတဆင့် အိမ်အခန်းသော့ ဖျက်ပြီးဝင်တယ် တစ်အိမ်လုံး အကုန်မွှေနောက်သွားတာ။"ဟု အိမ်၏အခြေ အနေအား ဒေါက်တာ မိမိမော် ကဆက်ပြောသည်။



နေအိမ်ဖောက်ထွင်းခံရမှုသည် ယနေ့မေလ၁၅ရက်နေ့တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘုရားဖူးသွားသည့် အချိန် နံနက်၈နာရီမှ နေ့လည် ၁၂နာရီကြား အချိန် ၄နာရီအတွင်းတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၄င်းနေထိုင်သည့်နေအိမ်သည် နန္ဒ၀န်ရပ်ကွက်စည်သူလမ်းပေါ်တွင်ရှိပြီး လူသွားလူလာပြတ်သော လမ်းလည်းဖြစ်သည်။ နေအိမ်ဖောက်ထွင်းခံရမှုတွင် သိန်း ၆၀နီးပါး တန်ဖိုးရှိ ရွှေထည်များပါသွားသည်ဟု ကာယကံရှင်ကဆိုပြီး ၊အ၀တ်ဗီရိုအတွင်းမှ စိန်ပါသည့် ရွှေလက်ကောက် ၂ကွင်း၊ရွှေလက်စွပ် ၄ကွင်း ၊ မှန်ဘီလူး တစ်လုံး၊ ပုဆိုးအသစ် ၆ကွင်းခန့် ပါသွားသည်ဟု သိရသည်။

အဆိုပါ ပစ္စည်းများ ဖောက်ထွင်းခံရမှုနှင့်ပတ်သက်ပြီး မုံရွာမြို့ နယ်မြေစခန်းတွင် အမှုဖွင့်ထားပြီး နေအိမ်ပတ်ဝန်းကျင်တွင် ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုများဆောင်ရွက်လျှက်ရှိသည်။

No comments:

Post a Comment