Pages

Sunday, May 19, 2019

ရဲကားပေါ်လိုက်စီးရင်း ၉၁၁ ကို အဆက်မပြတ်ဖုန်းခေါ်သည့် အမျိုးသား အဖမ်းခံရ

ရဲကားတစီးရဲ့ နောက်ခန်းမှာ ထိုင်စီရင်း ၉၁၁ နံပါတ်ကို အဆက်မပြတ် ဖုန်းခေါ် နှောင့်ယှက်ခဲ့တဲ့ အမျိုးသားတဦးကို မန်ဆာချူးဆက်ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ Fox News သတင်းမှာ ဖော်ပြပါတယ်။ ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့မေလ ၅ ရက်က ဖြစ်ပွားခဲ့တာပါ။ အဲဒီနေ့မှာ အသက် ၃၉ နှစ်အရွယ် ဂျက်စီဘာနာ ဝဲလ်တန်ဆိုသူက ဆောက်သင်တန်မှာရှိတဲ့ ဘားတခုကနေ ပြန်ဖို့ ငြင်းဆန်ခဲ့လို့ ဘားတာဝန်ရှိသူက ရဲကိုဖုန်းဆက် အကူအညီတောင်းခံခဲ့ပါတယ်။



အဲဒီနောက်မှာ ရဲတပ်ဖွဲ့က ရောက်ရှိလာခဲ့ပြီး ဘာနာဝဲလ်တန်ကို သူတို့ ကားနဲ့လိုက်ပို့ခဲ့ပါတယ်။

ဒီလိုရဲကားပေါ်မှာ ရှိနေချိန်အတွင်း ဘာနာဝဲလ်တန်က ၉၁၁ ဖုန်းကို အဆက်မပြတ် ခေါ်ဆိုခဲ့ပြီး ရဲတပ်ဖွဲ့ကို အနှောင့်အယှက်ပေးခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဒီလုပ်ရပ်ကို ကားပေါ်က ရဲတွေက သတိထားမိခဲ့ပြီး ကားကိုရပ်ကာ သူ့ကို ကားပေါ်က ဆွဲထုတ်ခဲ့ကြပါတယ်။

ဒါပေမယ့် ဘာနာဝဲလ်တန်က အသာတကြည် အပြင်ထွက်ခြင်းမရှိဘဲ ပြန်လည်ခုခံ ခဲ့ပါသေးတယ်။ အဲဒါကြောင့် ရဲတပ်ဖွဲ့ဝင်တွေက သူ့ကို အင်အားသုံးဖမ်းဆီးခဲ့ရပါတယ်။

ဒီလုပ်ရပ်တွေကြောင့် ဘာနာဝဲလ်တန်ဟာ ရဲတပ်ဖွဲ့ဝင်တဦးကို နှောင့်ယှက်ခြင်း၊ ၉၁၁ ဖုန်းလိုင်းကို အနှောင့်အယှက်ပေးခြင်း စတာတွေနဲ့ တရားဆွဲခံခဲ့ရတယ်လို့ သိရပါတယ်။

No comments:

Post a Comment