Pages

Wednesday, May 22, 2019

အကျဉ်းသားများ၏ တစ်ရက်လုပ်အားခ ၂၅၀ ကျပ် ပေးထားပြီး တိုးပေးရန် မရှိသေး

အကျဉ်းထောင်အသီးသီးတွင် အကျဉ်းသားများ၏ တစ်ရက်လုပ်အားခများကို တစ်ရက်လျှင် ၂၅၀ ကျပ် တိုးမြှင့် သတ်မှတ်ပေးထားသည့် အတွက် ပြင်ပ လုပ်ခ၏ သုံးပုံ တစါပုံခန့်အား တိုးမြှင့်ပေးရန် အစီအစဉ်မရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်သူ မှ က ပြောသည်။



''ရဲဘက် အကျဉ်းသားများ လွတ်မြောက်သည့်အခါ ၎င်းတို့အား လုပ်အားဆုငွေအဖြစ် ရဲဘက်အကျဉ်းသားတစ်ဦးကို တစ်ရက်လျှင် ၂၅၀ နှုန်းသို့ တိုးမြှင့်ပေးထားလျှက်ရှိခြင်း၊ ထိုသို့ တိုးမြှင့်ပေးထားခြင်းသည် ရဲဘက် အကျဉ်းသားများအတွက် သင့်လျော်သော လုပ်ခနှုန်းထားဖြစ်ခြင်းတို့ကြောင့် ပြင်ပလုပ်ခ ၄၈၀၀ ၏ သုံးပုံတစ်ပုံခန့်သို့ တိုးမြှင့် သတ်မှတ်ပေးရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်”ဟု ဗိုလ်ချုပ်အောင်သူ ကပြောသည်။

ယနေ့ ကျင်းပပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၈ မှ ကိုယ်စားလှယ် ဦးကိုကိုနိုင်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အတွင်းရှိ အကျဉ်းထောင် အသီးသီးတွင် ပ်ြစဒဏ် ကျခံနေရပြီး ကုန်ထုတ်စခန်း(ယခင်ရဲဘက်စခန်း) များတွင် ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်ကြရသည့် အကျဉ်းသားများ၏ တစ်ရက်လုပ်ခနှုန်းထားများကို ၂၀၀ ကျပ်မှ ပြင်ပ လုပ်အားခ ၄၈၀၀ ကျပ်၏ သုံးပုံ တစ်ပုံခန့်သို့ တိုးမြှင့် သတ်မှတ်ပေးရန်အစီအစဉ်ရှိမရှိ မေးမြန်းမှုအပေါ် ဒုတိယ၀န်ကြီးမှ အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရဲဘက်အကျဉ်းသားများသို့ လုပ်အားခ ဆုငွေထုတ်ပေးမှုသည် နိုင်ငံတော်မှ ချမှတ်ပေးသည့် မူဝါဒလမ်းညွှန်ချက်များနှင့်အညီသာ လိုက်နာဆောင်ရွှက်လျက်ရှိကြောင်း ဗိုလ်ချုပ်အောင်သူ ကပြောသည်။

ရဲဘက် အကျဉ်းသားများအား တစ်ရက် အလုပ်ဆင်းခ ငွေကျပ် ၁၀၀၀ ကျပ်နှုန်းဖြင့် တွက်ချက်ပါက (၄၅၀၀၀၀) သန်းရှိမည်ဖြစ်ပြီး ငွေကျပ် ၁၅၀၀ နှုန်းဖြင့် တွက်ချက်ပါက (၆၇၅၀၀၀ ) သန်းကုန်ကျမည်ဖြစ်သဖြင့် တိုးမြှင့်ပေးရန် အခက်အခဲရှိကြောင်း၊ ထို့ပြင် နိုင်ငံတော်ဘတ်ဂျက်မှ နှုန်းထားတစ်ရပ် သတ်မှတ်၍ တိုးမြှင့်ပေးမည်ဆိုပါကလည်း ရန်ပုံငွေများစွာ လိုအပ်မည်ဖြစ်ကြောင်း ၎င်း ကရှင်းလင်းပြောကြားခဲ့သည်။

လက်ရှိတွင် ရဲဘက်အကျဉ်းသား အလုပ်ဆင်းဦးရေသည် ၁၅၀၀၀ ရှိပြီး တစ်ရက်လျှင် ၂၅၀ နှုန်းဖြင့် ထုတ်ပေးရာ တစ်လ လုပ်အားဆုငွေသည် ငွေကျပ် ၉၃ ဒသမ ၇၅၀ သန်းရှိကြောင်း သိရသည်။

ရဲဘက်အကျဉ်းသားများလွတ်မြောက်သည့်အခါ လုပ်အားဆုငွေအဖြစ် ကုန်ထုတ်လုပ်ရေး ရန်ပုံငွေမှ ၂၀၀၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ တစ်ဦးလျှင် ၅၀ ကျပ်နှုန်းဖြင့် စတင်ထုတ်ပေးခဲ့ရာ ၂၀၀၉ ခုနှစ်တွင် ၁၀၀ ကျပ်သို့ တိုးမြှင့်ပေး၍လည်းကောင်း၊ ၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်နေ့ တွင် ငွေကျပ် ၂၀၀ သို့ တိုးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ထို့အတူ ငွေ ကျပ် ၂၅၀ နှုန်းအား ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ မှ စတင်တိုးမြှင့်သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။

စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းနှင့် ကုန်ထုတ်စခန်းများရှိ ရဲဘက်အကျဉ်းသားများသည် အကျဉ်းထောင်များတွင်ရှိ အကျဉ်းသားများထက် လုပ်ငန်းလုပ်ကိုင်ရာတွင် အနည်းငယ်ပင်ပန်းသော်လည်း ထောင်ဝင်စာတွေ့ဆုံရာတွင် အကျဉ်းထောင်များကဲ့သို့ သံဇကာ ကာ ထားခြင်းမရှိပဲ မိသားစုများနှင့် လွတ်လပ်စွာ ၀ိုင်းဖွဲ့ပြောဆိုခွင့်ရရှိနိုင်ကြောင်း သိရသည်။

No comments:

Post a Comment