ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ဗိုလ်မင်းရောင်လမ်းရှိ ရေမြောင်းအတွင်းကို ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့က CleanYangonအဖွဲ့မှ စေတနာဝန်ထမ်းများက စုပေါင်းပြီး အမှိုက်ရှင်းလင်းခဲ့ကြပါတယ်။ ဒါပေမယ့်လည်း သိပ်မကြာခင်မှာ ရှင်းလင်းထားတဲ့ ရေမြောင်းအတွင်း စည်းကမ်းမဲ့အမှိုက်ပစ်မှုတွေ ပြန်ပြီး တွေ့နေရပါတယ်။ ဒီလိုမျိုး စည်းကမ်းမဲ့ အမှိုက်ပြန်လည်စွန့်ပစ်မှုတွေကို တဖြည်းဖြည်းအရေးယူသင့်တယ်လို့ မင်္ဂလာတောင် ညွှန့်မြို့နယ်၊ ဗိုလ်မင်းရောင်လမ်းရှိ ရပ်ကွက်နေပြည်သူတချို့က ပြောပါတယ်။
No comments:
Post a Comment