Pages

Wednesday, May 29, 2019

ခွေးလေခွေးလွင့်များကို ဗဟန်းမြို့နယ်တွင် စတင်ဖမ်းဆီးရှင်းလင်း

61246083_717123155370909_2547104529254449152_oရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာ ဒီနေ့မနက်ကစပြီး လမ်းဘေးပိုင်ရှင်မဲ့ခွေးတွေကို စည်ပင်သာယာက လိုက်လံ ဖမ်းဆီး ရှင်းလင်းနေပါတယ်။ ဒီမနက် ၇ နာရီက စလို့ ဆရာစံ မြောက်အရှေ့ရပ်ကွက်က စတင်ရှင်းလင်းနေတာလို့ ဗဟန်းမြို့နယ် စည်ပင်သာယာကော်မတီ ဥက္ကဋ္ဌ ဦးဝင်းဗိုလ်က ပြောပါတယ်။ ဒီခွေးတွေကို ဖောင်ကြီးက သဘာဝဓမ္မတရားရိပ်သာ ဘေးမဲ့ဂေဟာကို ပို့ဆောင်မှာဖြစ်ပြီး မွေးချင်တဲ့သူရှိရင်လည်း တရားဝင်မွေးနိုင်အောင် မှတ်ပုံတင်လုပ်ပေးနေတယ်လို့လည်း ဆိုပါတယ်။


ရှင်းလင်းရာမှာ မြို့နယ်စည်ပင်သာယာ ကော်မတီ ဥက္ကဋ္ဌနဲ့ ကော်မတီဝင်တွေ၊ တိုင်း လွှတ်တော် ကိုယ်စားလှယ်တွေ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ခွေးချစ်သူတွေလည်း ပူးပေါင်းကူညီနေတာပါ။

ရှင်းလင်းနေတဲ့နေရာကို ဒုတိယမြို့တော်ဝန် ဦးစိုးလွင်လည်း လာရောက် အားပေးပြီး သယ်ဆောင်သွားတဲ့ ခွေးတွေကို လမ်းမှာ အထူးဂရုစိုက်ဖို့ ခွေးချစ်သူ ပြည်သူလူထုကိုလည်း ရင်းရင်းနှီးနှီးနှုတ်ဆက်သွားတယ်လို့ ဦးဝင်းဗိုလ်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

No comments:

Post a Comment