Pages

Saturday, May 18, 2019

အရက်သောက်စားသည့်ကိစ္စဖြင့် ဇနီးမှ ခင်ပွန်းဖြစ်သူအားဓားဖြင့်ထိုး၍ သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကိုးတိုင်ကျေးရွာနေ ဦးသိန်းမြင့် (၆၅) နှစ် သည် မေလ ၁၅ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် နေအိမ်တွင်ရှိနေစဉ် ရွှေဈေးကျေးရွာ၊ ကျောက်ဝိုင်းကမ္မဌာန်း ရိပ်သာတွင် သီတင်းသုံးနေထိုင်သော ညီမဖြစ်သူ သီလရှင် ဒေါ်ဝေသီရိ(၄၅) နှစ် ရောက်ရှိလာပြီး မေလ ၁၃ ရက်နေ့က တူတော်စပ်သူ ပြည့်ဖြိုးအောင်(ခ) ကိုဖြိုး (၃၄) နှစ် အား အရက်သောက်စားသည့်ကိစ္စဖြင့် ၎င်း၏ ဇနီးဖြစ်သူ မလဲ့လဲ့ဝင်းမှ လင်မယာချင်းစကားရန်ဖြစ်စဉ် အရိုးအသွား(၁၃)လက်မခန့်ရှိ ဓား မြှောင်ဖြင့်ထိုး၍ ပြည့်ဖြိုးအောင်(ခ)ကိုဖြိုး တွင် ဓားထိုးသွင်းဒဏ်ရာများရရှိခဲ့သောကြောင့် ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားကြောင်းပြောပြသိရှိရသဖြင့် အရေးယူပေးရန် တိုင်တန်းချက်အရ မလဲ့လဲ့ဝင်း အား ဇရပ်ကြီးနယ်မြေရဲစခန်း(ပ)၅၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment