Pages

Friday, May 24, 2019

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မီးရထားစက်ခေါင်းရုံဝန်းအတွင်း မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၁၄ လုံး မီးလောင်ဆုံးရှုံး

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မီးရထားစက်ခေါင်းရုံဝန်းအတွင်းရှိနေအိမ် တစ်လုံးတွင် ယနေ့ နေ့လယ်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားရာ အိမ် ၁၄ လုံးခန့် မီးလောင်ဆုံးရှုံး မှုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ယနေ့ နေ့လယ် ၁၂ နာရီခန့်က ချမ်းမြသာစည်မြို့နယ် ၊ အကွက်အမှတ် ၈၈၃ ၊ မီးရထားစက်ခေါင်းရုံဝန်းအတွင်းရှိ နေအိမ်တစ်အိမ် အဝင်တံခါးမှာ ထားရှိသော မီးအားမြှင့်စက် အပူလွန်ကဲရာမှ ဘေးထံရံကာသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ မီးလောင်မှုကြောင့် အိမ်၁၄ လုံး မီးလောင်ဆုံးရှုံးရာ ငွေကျပ် ၃၉ သိန်းကျော် ဆုံးရှုံးခဲ့သည်။


မီးလောင်ကျွမ်းရာသို့ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင် ၁၅၀ ဦး ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၅၀ ဦး၊ မီးငြိမ်းသတ်ယာဉ် အစီး ၅၀ ၊ ရေသယ်ယာဉ် အစီး ၂၀ တို့ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်းသိရသည်။ မီးလောင်မှုကြောင့် မီးဘေးသင့် အိမ်ထောင်စု ၁၄ စု ၊ လူဦးရေ ၇၁ ဦးအတွက် ယာယီ မီးဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားကြောင်းသိရသည်။

မီးလောင်မှု စတင်ဖြစ်ပွားခဲ့သည့်အိမ်ပိုင်ရှင်ကို သက်ဆိုင်ရာ ရဲစခန်းမှ (ပ) ၃၂၅/၁၉ ၊ ပုဒ်မ - ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားခြင်း ဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment