Pages

Tuesday, May 28, 2019

မိတ္ထီလာမြို့တွင် ပုဒ်မ ၅၉(စ)ထောက်ခံပွဲပြုလုပ်

Image may contain: 3 people, outdoor“ဖွဲ့စည်းပုံအခြေခံဥပဒေအား ကာကွယ်စောင့်ရှောက်နေသော မြန်မာ့တပ်မတော်ကို ထောက်ခံခြင်း၊ ပုဒ်မ ၅၉ (စ) အားကာကွယ် စောင့်ရှောက်ရေးနှင့် ပုဒ်မ (၂၆၁)အား ဥပဒေနှင့်အညီ အမြန်ဆုံး ပြင်ဆင်ပေးရေး” လူထုဆန္ဒ ဖော်ထုတ်ပွဲကို မေ(၂၇)ရက် မနက် (၈)နာရီက မိတ္ထီလာမြို့ရှိ လွတ်လပ်ရေးပန်းခြံရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။ ဆန္ဒဖော်ထုတ်သူတွေဟာ ပုဒ်မ ၅၉(စ)ကာကွယ်ရေး၊ ပုဒ်မ (၂၆၁) အမြန်ပြင်ဆင်ရေး စတဲ့ပိုစတာတွေကို ကိုင်ဆောင်ပြီး ရုပ်ရှင်ရုံ လမ်းမကြီးကတစ်ဆင့် ဗဟိုဈေးကြီးအနောက်ဘက်လမ်းမအတိုင်း ချီတက် ဆန္ဒပြခဲ့ကြ ပါတယ်။ အဲဒီဆန္ဒဖော်ထုတ်ပွဲကို အမျိုးသားရေးအင်အားစုတွေ၊ ပြည်ခိုင်ဖြိုး ပါတီဝင်တွေ၊ တပ်မတော် ချစ်မြတ်နိုးသူတွေ၊ ပရဟိတအဖွဲ့တွေနဲ့ ဒေသခံပြည်တွေ တက်ရောက်ခဲ့ပါတယ်။

No comments:

Post a Comment