Pages

Friday, May 10, 2019

မြိတ်တွင် အခြေခံဥပဒေ ပြင်ဆင်ပေးရေး လူအင်အား ၃၀၀၀ ကျော်ဖြင့် ထောက်ခံပွဲ ပြုလုပ်

Image may contain: 1 personတနင်္သာရီတိုင်း မြိတ်မြို့မှာ ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ပေးရေး လူထု ထောက်ခံပွဲကို မေ ၉ ရက်နေ့က ညနေ ၃ နာရီမှ ည ၆ နာရီ အထိ ပြုလုပ်ခဲ့သည်။ ယင်းလူထုထောက်ခံပွဲကို မြိတ်မြို့ ကွက်သစ်ရပ်၊ ကမ်းနားလမ်းအတိုင်း မြိတ်ဈေးဝယ်စင်တာ အနောက်အထိ လူအင်အား ၃၀၀၀ ကျော်ဖြင့် လမ်းလျှောက် ချီတက်ခဲ့ပြီး၊ စာရေးဆရာ မာန် (တောင်လုံးပြန်) နှင့် ထင်လင်းဦး တို့ တက်ရောက် ဟောပြောခဲ့သည်။


အခြေခံဥပဒေ ပြင်ဆင်ပေးရေး လူထုထောက်ခံပွဲ ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းက“ဒီပွဲအတွက် ကျွန်တော်တို့က ငြိမ်းစုစီအရ လူဦးရေ ၅၀၀၀ တင်ထားပါတယ်၊ အခု လာရောက်ပူးပေါင်းတဲ့ ပြည်သူတွေက တော့ ၃၀၀၀ ကျော်လောက် ရှိပါတယ်”ဟု ပြောသည်။

အခြေခံဥပဒေ မပြင်ဆင်ရေး လူထုထောက်ခံပွဲကိုလည်း မြိတ်မြို့မှာ ဧပြီလ ၂၉ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပြီး၊ ဆရာတော် ဦးဝီရသူ ကိုယ်တိုင် တက်ရောက်ဟောပြောခဲ့သေးသည်။

No comments:

Post a Comment