Pages

Sunday, May 26, 2019

အမျိုးသမီးတစ်ဦးကို သတ်၍ ရော်ဘာခြံအတွင်း စွန့်ပစ်သူ ဖမ်းမမိသေး

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်တွင် အသက်(၁၉)နှစ် အရွယ် အမျိုးသမီးတစ်ဦး အသတ် ခံရပြီး ရော်ဘာခြံတစ်ခုအတွင်း အလောင်းစွန့်ပစ်မှု ဖြစ်ပွားခဲ့ ကြောင်း မောင်းမကန်နယ်မြေရဲ စခန်းမှ ရဲအရာရှိတစ်ဦးက ပြော သည်။  မေလ ၂၃ ရက် နံနက် ၁၀ နာရီခွဲတွင် မောင်းမကန်- ထား ဝယ်ကားလမ်းဘေး မိုင်တိုင်အ မှတ် (၄/၆) အနီး ကားလမ်းမကြီး နှင့် ကိုက် ၅၀ ခန့်အကွာရှိ ရော်ဘာခြံအတွင်း အမျိုးသမီး အလောင်းစွန့်ပစ်ထားခြင်းကို ထင်းခွေသူအမျိုးသမီးတစ်ဦးက တွေ့ရှိခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းက ဆိုသည်။
  သေဆုံးသူသည် ထားဝယ်မြို့နယ် ရောင်းမော်ကျေးရွာနေ မဝိုင်းချစ်ဆိုသူဖြစ်ပြီး လည်ပင်း၊ နဖူးတို့တွင် ပြတ်ရှဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ကြောင်း ရဲမှတ် တမ်းတွင် ဖော်ပြသည်။ ထို့ပြင် သေဆုံးသူသည် မေ လ ၂၀ ရက် ည ၇ နာရီတွင် နေအိမ်မှ ပျောက်ဆုံးနေသူဖြစ်ကြောင်း နှင့် သက်ဆိုင်ရာ ရဲစခန်းတွင် လည်း လူပျောက်တိုင်ချက်ဖွင့် ထားကြောင်း အထက်ပါရဲအရာရှိ က ပြောသည်။

‘‘ဘယ်လိုကြောင့် အသတ်ခံ ရတယ်ဆိုတာ စုံစမ်းနေတုန်းပဲ ရှိ သေးတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး သက်သေတချို့နဲ့ အဲဒီရော်ဘာခြံ က တာဝန်ရှိသူတွေကိုလည်း  စစ် ဆေးနေပါတယ်’’ဟု ၎င်းက ဆက် လက်ပြောသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မောင်းမကန်နယ်မြေရဲစခန်းက လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်း နေသည်။

No comments:

Post a Comment