Pages

Sunday, May 19, 2019

ရုပ်ရှင်ရုံငှားစားပြီး ရရှိသည့် အခွန်အခနှင့် တင်းတိမ်နေမည် မဟုတ်ကြောင်း ဦးဖြိုးမင်းသိန်းပြော

ရုပ်ရှင်မြှင့်တင်ရေးဆိုသည့် နာမည်ဖြင့် ရုပ်ရှင်ရုံငှားစားပြီး ရရှိသည့် အခွန်အခကို တင်းတိမ်နေမည်မဟုတ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောကြားလိုက်သည်။ေ မလ ၁၈ ရက်က Sky Star ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် မြန်မာ့ရုပ်ရှင် နှစ်(၁၀၀)ပြည့်ပွဲတော်အတွက် ပထမအကြိမ် အကြံ ဥာဏ်ရယူသည့် အခမ်းအနားတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။



“ ရုပ်ရှင်မြှင့်တင်မှုဦးစီးဌာနကို တိုင်းဒေသကြီးအစိုးရရဲ့ ဌာနအဖြစ်နဲ့ ပြောင်းလဲဆောင်ရွက်ဖို့ ပြင်ဆင်သလို တစ်ဖက်ကလည်း ရုပ်ရှင်မြှင့်တင်ရေးဆိုတဲ့ နာမည်သက်သက်နဲ့ ရုပ်ရှင်ရုံငှားစားပြီး အခွန်အခလောက်နဲ့ တင်းတိမ်နေမှာ မဟုတ်ပါဘူး။ ဒါကြောင့် မို့လို့ အနုပညာလောကမှာရှိတဲ့ လူတွေအားလုံးနဲ့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့ ဒီနှစ်မှာစပြီး အကောင်အထည်ဖော် မှာဖြစ်ပါတယ်”ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ရုပ်ရှင်မြှင့်မှု ဦးစီးဌာနကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ ဌာနတစ်ခုအဖြစ် ထားရှိသွားမည်ဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် ကျရောက် မည့် ရုပ်ရှင်နှစ် ၁၀၀ ပြည့် အခမ်းအနားကိုလည်း တိုင်းဒေသကြီးအစိုးရမှ ကျင်းပသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

မြန်မာ့ရုပ်ရှင် နှစ်(၁၀၀) ပြည့်ပွဲတော်အတွက် ပထမအကြိမ် အကြံဥာဏ်ရယူသည့် အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်၊ အမြဲတမ်းအတွင်းဝန်နှင့် ရုပ်ရှင်အလွှာအသီးသီးမှ တတ်သိပညာရှင်များ တက်ရောက်ဆွေး နွေး ခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment