Pages

Saturday, May 25, 2019

ကစားသမားထက်ဝက်ခန့် ထွက်ခွာမည်ဖြစ်သော်လည်း အကောင်းဆုံးပြန်လည်တည်ဆောက်မည်ဟု ဆီမြွန်နီကတိပြု

ရာသီကုန်တွင် ကစား သမားထက်ဝက်ခန့် အသင်းမှ ထွက်ခွာမည်ဖြစ်သော်လည်း အက်သလက်တီကိုနည်းပြ ဆီမြွန်နီက အသင်းကို အကောင်းဆုံး ပြန်လည် တည်ဆောက်မည်ဟု ပြောသည်။ နောက်ခံလူများဖြစ်သော ဂို ဒင်၊ ဖီးလစ်လူးဝစ်၊ ဟွန်ဖရန်နှင့် လူးကပ်စ်ဟာနန်ဒက်ဇ်တို့ အ သင်းမှ ထွက်ခွာမည်ဖြစ်ပြီး တိုက် စစ်မှူး ဂရစ်ဇ်မန်းသည် ဇွန်လ ကုန်တွင် ထွက်ခွာမည်ဖြစ်ရာ အက်သလက်တီကို၏ အဓိက ကစားသမားထက်ဝက်ခန့် အစား ထိုးရမည်ဖြစ်သည်။
အက်သလက်တီကို၏ ရာဇ ဝင်တွင် အကြီးကျယ်ဆုံးအချိန် အခိုက်အတန့်များ၏ ဗိသုကာဖြစ် ခဲ့သော ဆီမြွန်နီက ကြီးမားသော ပြန်လည် တည်ဆောက်ရေးလုပ် ငန်းစဉ်ကို ဖော်ဆောင်ရန်ကြိုတင် ပြင်ဆင်နေသည်ဟု ပြောသည်။ အက်သလက်တီကိုက ဘင် ဖီကာမှ အသက် (၁၉) နှစ်အရွယ် တိုက်စစ်မှူး ဂျိုအာအိုဖီးလစ်ကို ခေါ်ယူရန် ပြင်ဆင်နေပြီး ကစား သမားသစ် ခေါ်ယူမှုတွင် ငွေအ များအပြားသုံးစွဲရန် ပြင်ဆင်နေ သည်။ သို့သော် တိုက်စစ်ပိုင်း၌ အား ထားရသော ဂရစ်ဇ်မန်းထွက်ခွာ မည်ဖြစ်ရာ နောက်ထပ်တိုက်စစ်မှူး ကော်စတာလည်း ဒဏ်ရာပြဿနာများဖြင့် နပန်းလုံးနေရသဖြင့် အားကိုးလောက်သော တိုက်စစ်မှူးတစ်ဦးကို မဖြစ်မနေရှာဖွေရမည်ဖြစ်သည်။

No comments:

Post a Comment