Pages

Wednesday, May 15, 2019

ညစ်ညမ်းဇာတ်ကား မှားယွင်းဖွင့်မိခြင်းကြောင့် လန်ဒန်ရထားအာဏာပိုင်များ ပြန်လည်တောင်းပန်

ရထားတွင် တပ်ဆင် ထားသော လော်စပီကာစနစ်မှ တစ်ဆင့် ညစ်ညမ်းဇာတ်ကား အသံများ ထွက်ပေါ်လာရာ မြို့ ပတ်ရထားစီးခရီးသည်များ ဇဝေ ဇဝါဖြစ်ခဲ့သည်။ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ South Western ရထားလိုင်း စီးနင်းသော ခရီးသည်များသည် ရထားလော်စပီကာမှ ထွက်ပေါ် လာသော ညစ်ညမ်းဇာတ်ကား အသံများ နားထောင်ခဲ့ရပြီး ယင်း အခိုက်အတန့်ကို ပေါလ်ဘရန် တန်ဆိုသူ ခရီးသည်က ဗီဒီယိုမှတ် တမ်းတင်ရိုက်ကူးခဲ့သည်။



South Western ရထား လိုင်း ဝန်ထမ်းတစ်ဦးက ရထား လော်စပီကာစနစ်ဖွင့်ထားစဉ် ညစ်ညမ်းဇာတ်ကားကို အမှတ် မထင်ဖွင့်မိကာ ခရီးသည်များ  ဇဝေဇဝါဖြစ်စေခဲ့ပုံပေါ်သည်။ ပေါလ်ဘရန်တန်က ဗီဒီယို ဖိုင်တွင် ‘‘ရထားမောင်းသူကလော်စပီကာစနစ် ဖွင့်ထားတာကို သတိမထားမိဘဲ ညစ်ညမ်းဇာတ်ကား ကြည့်မိ’’ဟု ရေးကာ တွစ်တာတွင် ပို့စ်တင်ခဲ့သည်။

ဗီဒီယိုဖိုင်တွင် အမျိုးသမီး ကြီးတစ်ဦးက ‘ဒါက ရထားမောင်း တဲ့သူဆီက လာတာဟုတ်ရဲ့လား’ ဟု မေးမြန်းရာ အခြားတစ်ဦးက ‘မဟုတ်ဘူး၊ ဒါက တစ်ယောက် ယောက်ရဲ့ဖုန်းက ဖြစ်မယ်’ဟု ပြန်လည်ဖြေကြားသည်။

ကြည့်ရှုသူ ရှစ်သိန်းခန့်ရှိ သော ယင်းဗီဒီယိုဖိုင်အောက်တွင် လူမှုမီဒီယာအသုံးပြုသူများက အပြောင်အပြက် မှတ်ချက်အများ အပြား ရေးသားခဲ့သည်။ ‘‘အနည်းဆုံးတော့ တစ် ယောက်ယောက်က အလုပ်သွား ရင် မြို့ပတ်ရထားစီးဖို့ ကြိုက်မှာ ပေါ့’’ဟု အသုံးပြုသူတစ်ဦးက မှတ်ချက်ပေးသည်။ ယင်းဖြစ်ရပ်ကြောင့် South Western ရထားလိုင်း တာဝန်ရှိ သူတစ်ဦးက တောင်းပန်ပြီး စုံစမ်း စစ်ဆေးနေသည်ဟု ပြောသည်။

‘‘South Western ရထား လိုင်းမှာ ညစ်ညမ်းဝက်ဘ်ဆိုက် တွေအပါအဝင် မသင့်တော်တဲ့ အကြောင်းကိစ္စတွေကို တားမြစ် ထားတဲ့ မူဝါဒရှိပါတယ်။ ရထား ပေါ်မှာ၊ ဒါမှမဟုတ် ဘူတာရုံတွေမှာရှိတဲ့ ဝိုင်ဖိုင်ဝန်ဆောင်မှုတွေမှာ ဒါတွေကို တားမြစ်ထားပါတယ်။ ဒါ ဘယ်လိုဖြစ်လဲဆိုတာ စုံစမ်း နေပါတယ်။ ဒီအဖြစ်အပျက်က လုံးဝလက်မခံနိုင်တဲ့ ကိစ္စဖြစ်လို့ ရထားစီးပြည်သူတွေကို တောင်းပန်ပါတယ်’’ဟု ယင်းပြောရေးဆို ခွင့်ရှိသူက ပြောကြားသည်။

No comments:

Post a Comment