Pages

Tuesday, May 7, 2019

ဂျူဗင်တပ်တိုက်စစ်မှူး ဒိုင်ဘားလားကို မန်ယူ ကမ်းလှမ်းမည်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂျူဗင်တပ် တိုက်စစ်မှူး ဒိုင်ဘားလားကို ခေါ်ယူနိုင်ရေး ကမ်းလှမ်းမှုတွေ ပြုလုပ်တော့မယ်လို့ သိရပါတယ်။ မန်ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ဆုံးဖြတ်ထားပြီး တိုက်စစ်ပိုင်းမှာ အရည်အသွေးရှိတဲ့ ကစားသမားတွေကို ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။ အာဂျင်တီးနားတိုက်စစ်မှူး ဒိုင်ဘားလားဟာ အရည်အသွေးရှိတဲ့ လူငယ်ကြယ်ပွင့် ကစားသမားတဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။


အသက် ၂၅ နှစ်ရှိ ဒိုင်ဘားလားကို မန်ယူအသင်းက ပေါင် ၈၅ သန်းခန့်နဲ့ ကမ်းလှမ်းမှာဖြစ်ပြီး ဂျူဗင်တပ်အသင်းက လက်ခံစဉ်းစားဖွယ် ရှိတယ်လို့ စပိန်သတင်းစာတွေမှာ ဖော်ပြခဲ့ကြပါတယ်။

ဒိုင်ဘားလားဟာ စီရော်နယ်ဒို ရောက်ရှိလာပြီးနောက် ခြေစွမ်းပြကစားနိုင်ဖို့ ရုန်းကန်နေရပြီး အသင်းအတွက် ၁၀ ဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်အသင်းကလည်း မန်ယူတိုက်စစ်မှူး လူကာကူကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် အလဲအထပ် လုပ်နိုင်ခြေရှိတယ်လို့လည်း သိရပါတယ်။

No comments:

Post a Comment