Pages

Thursday, May 30, 2019

ပန်းတနော်မြို့နယ်၌ ငွေစက္ကူအတုများဖြင့် လက်သမားခ ပေးချေခဲ့သူကို ဖမ်းဆီး

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှာ ငွေစက္ကူအတု ကျပ်ငွေ ၄ သိန်းကျော်ဖိုးနဲ့ လက်သမားခ ပေးချေခဲ့သူအပါအဝင် အုပ်ချုပ်ရေးမှူးဆီ အပ်နှံခဲ့သူတွေကိုပါ အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ငွေစက္ကူအတု ၁၀၀၀၀ ကျပ်တန် ၂၄ ရွက်၊ ၁၀၀၀ ကျပ်တန် ၁၆၇ ရွက် သိမ်းဆည်းရမိတယ်လို့ မနေ့က ထုတ်ပြန်လိုက်တာပါ။ ပန်းတနော်မြို့နယ်၊ ကဇင်းတောကျောင်းစုရွာနေ မောင်စောနဲ့ နောက်တယောက်ဟာ မေ ၂၆ ရက် မနက်ပိုင်းက တရွာတည်းနေ ဒေါ်အေးပုံက လက်သမားခအဖြစ် ပေးချေထားတဲ့ ငွေစက္ကူအတုတွေကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းမြင့်ဆီကို အပ်နှံခဲ့တယ်လို့ သိရတာကြောင့် ဒေါင့်ကြီးရဲကင်းစခန်းက တပ်ဖွဲ့ဝင်တွေကသွားရောက် သိမ်းဆည်းခဲ့တာပါ။ ငွေစက္ကူတုတွေ ဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး မောင်စောနဲ့ နောက်တယောက်၊ ဒေါ်အေးပုံတို့ကို ပန်းတနော်မြို့မရဲစခန်းမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

No comments:

Post a Comment