Pages

Tuesday, May 14, 2019

သတိ ... ယာဉ်/ လမ်းစည်းကမ်း မလိုက်နာသူများကို ဒဏ်ငွေ ၃ သောင်း ရိုက်မည်

၂၀၁၉၊ မေ ၁၅ မှစတင်ကာ မော်တော်ယာဉ် ဥပဒေအရ လမ်းစည်းကမ်းမလိုက်နာသည့် ပြည်သူများ၊ သတ်မှတ် ခုံးကျော်တံတား/ မျဉ်းကြားမှ လမ်းဖြတ်မကူးသည့် ပြည်သူများအားလုံးကို ပညာပေးမှုနှင့်အတူ အရေးယူမှုစတင်တော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲမှူးမျိုးအောင်မြင့်က ပြောသည်။ ၂၀၁၅ တွင် ပြန်လည်ပြင်ဆင်လိုက်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ သတ်မှတ်နေရာများမှ လမ်းဖြတ်မကူးသည့် ပြည်သူများအနေဖြင့် ဒဏ်ငွေ ၃၀,၀၀၀ ကျပ် ပေးဆောင်ရမည် ဖြစ်သည်။ သို့ရာတွင် ခုံးကျော်တံတား မတက်နိုင်သူ အသက်အရွယ် အိုမင်းသူများ၊ မသန်စွမ်းများ၊ ရောဂါဝေဒနာ ခံစားရသူများအတွက် မည်သို့ဆောင်ရွက်ပေးမည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေသေးသည်။

No comments:

Post a Comment