Pages

Thursday, May 23, 2019

ဘင်္ဂလားပင်လယ်အော်အတွင်း ရစ်ခ်ျတာစကေး ၅ ဒသမ ၆ အဆင့် ငလျင်လှုပ်

ဘင်္ဂလားပင်လယ်အော် အတွင်း ရစ်ခ်ျတာစကေး ၅ ဒသမ ၆ အဆင့် ငလျင် မေလ ၂၁ ရက် က လှုပ်ခတ်ပြီး မြန်မာ့ကမ်းရိုး တန်းဒေသများတွင် မြေလွှာလှုပ် ရှားမှုမရှိခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူများက ပြောသည်။  အင်အားအသင့်အတင့်ရှိ သော အထက်ပါငလျင်သည် ကမ္ဘာအေးမြေငလျင်စခန်းမှ အ နောက်တောင်ဘက် ၂၉၈ မိုင်ခန့်၊ အိန္ဒိယနှင့်ထိစပ်နေသော ဘင်္ဂ လားပင်လယ်အော်အတွင်း မေ လ ၂၁ ရက် နံနက် ၇ နာရီခန့်တွင် လှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က သတင်းထုတ်ပြန်ထားသည်။
‘‘ပင်လယ်ထဲမှာ လှုပ်သွား တာ။ ကိုကိုးကျွန်းမှာတော့ မသိ လိုက်ဘူး။ အင်အားအနည်းငယ် ပဲရှိတဲ့ ငလျင်လေးတွေကြောင့် တော့ ဒီမှာက မကြာခဏလှုပ် တတ်ပါတယ်’’ဟု ကိုကိုးကျွန်းမြို့ နယ် မိုးလေ၀သနှင့်ဇလဗေဒညွှန် ကြားမှုဦးစီးဌာန ၀န်ထမ်းတစ်ဦး က ပြောသည်။

 ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်တို့နှင့် ထိစပ်နေ သော မြန်မာ့ကမ်းရိုးတန်းဒေသ များတွင်လည်း မြေလွှာလှုပ်ရှားမှု မရှိပေ။ အိန္ဒိယကမ်းရိုးတန်းနှင့် ထိစပ်နေသော ဘင်္ဂလားနှင့် ကပ္ပ လီပင်လယ် ထိစပ်ရာနေရာများ တွင် ငလျင်လှုပ်ခတ်ပါက ကိုကိုး ကျွန်းတွင်ပါ မြေလွှာလှုပ်ရှားလေ့ ရှိသည်။

 မေလ ၂၁ ရက် ငလျင် သည် မြေအလွန်နက်သည့်နေရာ တွင် ဗဟိုပြု၍လှုပ်ခြင်းကြောင့် ကမ်းရိုးတန်းဒေသများတွင် မြေ လွှာလှုပ်ရှားမှုမဖြစ်ခဲ့ခြင်းဟု ဘူမိဗေဒပညာရှင်များက သုံးသပ် သည်။

 မြေအနက် ၁၀၂ ကီလိုမီတာ၌ ဗဟိုပြု၍ လှုပ်ခတ်ခြင်းဖြစ် ကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန လူမှုကွန် ရက်စာမျက်နှာတွင် သတင်းထုတ် ပြန်ထားပြီး ဆူနာမီဖြစ်မည်ကို စိုး ရိမ်ကြောင်း ကမ်းရိုးတန်းဒေသ တွင် နေထိုင်သူများက မှတ်ချက် ပြုရေးသားသည်။ ပင်လယ်သမုဒ္ဒရာအတွင်း ငလျင်လှုပ်ခတ်ပါက အောက်ပါအချက်များကြောင့် ဆူနာမီရေလှိုင်း ဖြစ်ပေါ်တတ်သည်။ ငလျင်သည် ပင်လယ်ကြမ်း ပြင်အောက် မြေအနက်တိမ်သည့် နေရာတွင် ဗဟိုပြုကာ ရစ်ခ်ျတာ စကေး ၆ အထက်ရှိသော အင်အားပြင်းငလျင်လှုပ်ပါက ဗဟိုချက်နှင့်နီးသော ကမ်းရိုးတန်းဒေသများတွင် ဆူနာမီရေလှိုင်းအန္တရာယ် ရှိသည်။

No comments:

Post a Comment