Pages

Monday, May 20, 2019

ကေပေါ့ပ်အဆိုတော်၊ သရုပ်ဆောင် ပက်ယိုးချန် မူးယစ်ဆေးဝါးအသုံးပြုမှုဖြင့် စွဲချက်တင်ခံရ

JYJ အဖွဲ့၏ အဖွဲ့ဝင်ဟောင်း၊ သရုပ်ဆောင် ပက်ယိုးချန်ကို မူးယစ်ဆေးဝါး အသုံးပြုမှုစွဲချက်ဖြင့် အစိုးရရှေ့နေများက မေ ၁၇ ရက်တွင် စွဲချက်တင်ခဲ့သည်။ အသက် ၃၂ နှစ်အရွယ်ရှိ ယိုးချန်သည် ယခုနှစ်အစောပိုင်းတွင် မက်သာဖက်တမင်း ၁ ဒသမ၅ ဂရမ် ဝယ်ယူခဲ့ပြီး ရည်းစားဟောင်းHwang Ha-na နှင့်အတူ သုံးစွဲခဲ့သည်ဟုဆိုသည်။ ယိုးချန်သည် ပြီးခဲ့သည့် နွေရာသီတွင် ဆိုးလ်တောင်ပိုင်းရှိ ゞင်း၏နေအိမ်၌ မူးယစ်ဆေးသုံးစွဲခဲ့သည်ဟု သံသယဖြစ်ခံခဲ့ရသည်။


အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသည့် ယိုးချန်က ပြီးခဲ့သည့် နွေရာသီမှစပြီး မူးယစ်ဆေး အသုံးပြုခဲ့သည်ဟု အစောပိုင်းတွင် ဝန်ခံခဲ့သည်။ နို့နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရောင်းချသည့် Namyang ကုမ္ပဏီ၏ တည်ထောင်သူနှင့် ဂုဏ်ထူးဆောင်နာယက၏ မြေးဖြစ်သည့်Hwang Ha-na သည်လည်း မူးယစ်ဆေးအသုံးပြုမှု စွဲချက်ဖြင့် ဇွန် ၅ ရက်တွင် ရုံးတင်စစ်ဆေးခံရမည်ဖြစ်သည်။ ယိုးချန်နှင့် Hwang တို့သည် ဇွန် ၅ ရက်တွင် တစ်ပြိုင်တည်း ရုံးတင်စစ်ဆေး ခံရနိုင်ခြေရှိသည်ဟုလည်း သတင်းများထွက်ရှိခဲ့သည်။

Hwang သည် ပက်ယိုးချန်နှင့်အတူ မူးယစ်ဆေး အသုံးပြုခဲ့ခြင်းမရှိဟု ငြင်းဆိုခဲ့သော်လည်း ၂၀၁၅ ခုနှစ် မေနှင့် စက်တင်ဘာလအတွင်း ゞင်း၏နေအိမ်တွင် မူးယစ်ဆေးအသုံးပြုမှုဖြင့် ထိန်းသိမ်းခံခဲ့ရပြီး စွဲချက်တင်ခံခဲ့ရသည်။ ယိုးချန်သည် Hwang နှင့် လက်ထပ်ရန်စီစဉ်ထားသည်ဟု ၂၀၁၇ ခုနှစ်တွင် ကြေညာခဲ့သော်လည်း ၂၀၁၈ ခုနှစ်တွင် စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းခဲ့သည်။

မူးယစ်ဆေးအသုံးပြုခဲ့သည်ဟု ဆေးစစ်ချက်ထွက်ရှိခဲ့ပြီးနောက် အနုပညာလောကမှ အနားယူတော့မည်ဟု Scandal, Miss Ripley နှင့် Rooftop Prince ဇာတ်လမ်းတွဲများဖြင့် အောင်မြင်ခဲ့သည့် ပက်ယိုးချန်က ဧပြီတွင် ပြောကြားခဲ့သည်။ C-Jes Entertainment  ကလည်း ယိုးချန်နှင့် စာချုပ်ချုပ်ဆိုမှုကို ရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ခဲ့သည်။ ゞင်းသည် JYJ အဖွဲ့၏ လူမှုမီဒီယာအကောင့်မှလည်း ဖယ်ရှားခံခဲ့ရသည်။

No comments:

Post a Comment