Pages

Monday, May 27, 2019

တရုတ်၏တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးစီမံချက်ကြောင့် မူဆယ်နယ်စပ်တွင်ဆန်၊ ပြောင်း၊ သကြားများ သုံးလကျော်ကြာ သည်အထိ သောင်တင်နေဆဲ

တရုတ်နိုင်ငံ၏တရားမဝင် ကုန်သွယ်မှုတားဆီး ထိန်းချုပ်ရေး စီမံချက်ကြောင့်မူ ဆယ်နယ်စပ်တွင် ဆန်၊ ပြောင်း၊ သကြားများ သုံးလကျော်ကြာ သည်အထိ သောင်တင်နေဆဲဖြစ် ကြောင်းသိရသည်။ြ မန်မာနိုင်ငံမှတင်ပို့နေသည့် ဆန်ကွဲအပါအဝင် ဆန်၊ ပြောင်း၊ သကြားတင်ပို့မှုများကို တရုတ်နိုင် ငံမှတင်သွင်းခွင့်မပေးသဖြင့် မူ ဆယ်နယ်စပ်တွင် ဂိုဒေါင်အပြည့် သောင်တင်နေခြင်း ဖြစ်ကြောင်း သိရသည်။မူဆယ်ဆန်ကုန်သည် ဦးမင်း သိန်းက""မူဆယ်နယ်စပ်မှာပိတ် မိနေတဲ့ဆန်၊သကြား၊ပြောင်းတွေ ကသုံးလကျော်တဲ့အထိ ပြန်မဖွင့် သေးဘူး။ ဖေဖော်ဝါရီလကတည်း ကပိတ်တာ သုံးလလောက်ရှိပြီ။လောလောဆယ်တော့ ဂိုဒေါင်ထဲ ပဲထည့်ထားရတယ်။
သကြားကတော့ တစ်နှစ်လောက်ထားလို့ရတယ်။ဆန်ကတော့ သိပ့်မလွယ်ဘူး။လောလောဆယ်အထိ ပျက်စီးမှုမ ရှိသေးဘူး။ တချို့ကလည်း မန္တ လေးကိုပြန်ပို့ဖို့ စီစဉ်နေကြတယ်""ဟုမေ၂၃ရက် ကပြောသည်။

မူဆယ်ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တရုတ်နိုင်ငံဘက်သို့ ဆန်၊ ပြောင်း၊သကြားစသည့်ကုန်ပစ္စည်း များတင်ပို့ရာတွင် မြန်မာဘက်မှ တရားဝင်တင်ပို့နေခြင်း ဖြစ်သော် လည်းတရုတ်ဘက်မှ အခွန်နှုန်းထား ကြီးမြင့်မှု၊ တရားဝင်ခွင့်မပြုခြင်း စသည်တို့ကြောင့် တရုတ်ကုန် သည်များအနေဖြင့် တရားမဝင် ကုန်သွယ်မှုများ ဆောင်ရွက်နေ သည့်အပေါ်တရုတ်အစိုးရမှလုံခြုံ ရေးတင်းကျပ်စွာဖြင့် တရားမဝင် ကုန်စည်များအပေါ် စစ်ဆေး ဆောင်ရွက်နေခြင်းဖြစ်ပြီး လက်ရှိ မူဆယ်နယ်စပ်တွင် ဆန်အိတ်ရေ ၁၀သိန်းနှင့်သကြားအိတ်ရေ ၁၆ သိန်းခန့် ဖေဖော်ဝါရီလမှစတင်
သောင်တင်နေခြင်း ဖြစ်ကြောင်း သိရသည်။

ဦးမင်းသိန်းက""အဖမ်းအဆီး များတာကြောင့်ဒီဘက်က မသွား ရဲကြတာပါ။ သွားရင်ဖမ်းတယ်ဆို တော့မသွားရဲကြဘူး။ ဝယ်တဲ့သူ ကလည်း ဖမ်းတယ်ဆိုတော့မဝယ် ရဲဘူး။ ပိတ်မိနေတဲ့ဆန်ကုန်သည် က၄၀လောက်ရှိတယ်။ သကြား ကုန်သည်က ၃၀လောက်ပါဝင် တယ်""ဟုပြောသည်။
လက်ရှိပြည်တွင်းတွင် သကြား အထွက်နှုန်းတိုးတက်ထွက်ရှိ လာ သော်လည်း လတ်တလောတွင် ဝယ်လက်မရှိ၍စုပုံနေခြင်း၊ ရောင်း ချမှုအခက်အခဲများ ဖြစ်ပေါ်နေ ခြင်းတို့ကြောင့် သကြားဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း သိရ သည်။

မြန်မာနိုင်ငံသကြားနှင့် ကြံ ထွက်ပစ္စည်း လုပ်ငန်းရှင်များအ သင်းမှ ဒုတိယဥက္ကဋ္ဌဦးဝင်းဌေး က ""ပြည်တွင်းသကြားတွေက အ ထွက်နှုန်းတိုးလာပေမယ့်လည်း လတ်တလောမှာ ဝယ်လက်မရှိ တာကြောင့်စုပုံနေခြင်း၊ သကြား တွေဈေးနှုန်း ကျဆင်းခြင်း၊ ရောင်း ချမှုခက်ခဲခြင်း၊ လက်ကျန်သကြား တွေမှာ ထားစရာဂိုဒေါင်မရှိခြင်း၊ သကြားတွေ စုပုံနေတာကြောင့် ငွေကြေးလည်ပတ်မှု အခက်အခဲ ဖြစ်ခြင်း၊ ကြံစိုက်တောင်သူတွေမှာ စိုက်ပျိုးစရိတ် ထုတ်ပေးဖို့ခက်ခဲခြင်း တို့နဲ့ရင်ဆိုင်နေရပါတယ်။ ကြံစိုက် တောင်သူတွေရဲ့ ဘဝတိုးတက်မြင့် မားစေဖို့၊ မြန်မာနိုင်ငံရဲ့ပြည်တွင်း ထုတ်ကုန် (GDP) ပမာဏတိုး တက်လာဖို့၊SMEလုပ်ငန်းတွေရေ ရှည်ရှင်သန်စေဖို့နဲ့ ပိုလျှံသကြားတွေကိုနိုင်ငံခြားသို့တင်ပို့ရောင်း ချနိုင်ဖို့ ဈေးကွက်ရရှိစေရေး အ တွက်ဆောင်ရွက်ပေးဖို့လိုပါတယ်"" ဟုပြောသည်။

ယူနန်ပြည်နယ်ကူမင်းပြည် သူ့အစိုးရနှင့် ကုန်သွယ်ရေးဦးစီး ဌာနတို့ကုန်ဖလှယ်မှုစနစ် (Barter System ဖြင့်ကုန်သွယ်မှု ပြုလုပ် ရန်ဧပြီလ၂၁ရက်ကနားလည်မှု စာချွန်လွှာ MoU လက်မှတ်ရေး ထိုးခဲ့ပြီးယင်း MoU ကိုအောင် မြင်စွာညှိနှိုင်း အကောင်အထည် ဖော်နိုင်ပါက ဆန်စပါးအပါအဝင် မြန်မာ့ လယ်ယာသားငါးထွက်ကုန် များကို မူဆယ်နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှ တွင်ကျယ်စွာတင် ပို့ ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်ဥက္ကဋ္ဌဦးရဲမင်းအောင်က""တ ရုတ်-မြန်မာ ကုန်ပစ္စည်းဖလှယ် တဲ့စနစ်နဲ့ ကုန်သွယ်မှုပြုလုပ်ရင် မူဆယ်မှာ ပိတ်မိနေတဲ့ဆန်တွေကို ဦးစားပေး ဆောင်ရွက်သွားမှာပါ။မေလထဲမှာစပြီး လုပ်နိုင်အောင် လုပ်မယ်။ ဦးစားပေးကတော့လတ် တလောမူဆယ်ကို ရောက်နေတဲ့ ဆန်တွေကိုအဓိကဦးစားပေး အ နေနဲ့ဆောင်ရွက်ဖို့ရှိပါတယ်""ဟု ပြောသည်။

No comments:

Post a Comment