Pages

Tuesday, May 14, 2019

သရုပ်ဆောင်အလုပ်နားထားပြီး ဂီတကို ပိုလုပ်နေတဲ့ရတနာဖြူဖြူအောင်

 ဗီဒီယိုဈေးကွက်ပျက် နေသောကြောင့် သရုပ်ဆောင် ခြင်းနည်းပါးပြီး ဂီတဘက်သို့ အချိန်ပေးဖြစ်ကြောင်း ရတနာ ဖြူဖြူအောင်က ပြောသည်။ ‘‘ညီမကအဆိုလည်း ၀ါသ နာပါတယ်၊ သရုပ်ဆောင်လည်း ၀ါသနာပါတယ်။ အခုသရုပ် ဆောင်ဘက်ကို ခဏနားထား တော့ သီချင်းဘက်ကို ပိုလုပ်ဖြစ် နေတာ။ ညီမအတွက်ကတော့ ဘယ်အနုပညာပဲလုပ်လုပ် အနု ပညာလုပ် နေရရင်ပျော်နေတာ’’ ဟု ၎င်းကပြောသည်။ လတ်တလောတွင် အွန် လိုင်းမှသီချင်းတစ်ပုဒ် ဖြန့်ချိရန် စီစဉ်နေသလို ဘိုဘိုအင်တာ တိန်းမန့်က ဖြန့်ချိမည့်အတွဲခွေ၌ လည်း ပါဝင်သီဆိုထားကြောင်း ၎င်းကဆိုသည်။


‘‘သီချင်းချိုချိုအေးအေး လေးတွေကို သဘောကျတော့ အဲ ဒီလိုမျိုးလေးတွေပဲဆိုဖြစ်တယ်။   နယ်ရှိုးတွေလည်း ဆိုဖြစ်တယ်။  ဗီဒီယိုတွေအရမ်းရိုက်နေရတဲ့အ ချိန်ကတစ်ကိုယ်တော်ခွေလုပ်ဖြစ် ပြီး တစ်ပိုင်းတစ်စကျန်နေတာ တွေကိုလည်း အသက်သွင်းနေ ရတယ်’’ ဟု ၎င်းကပြောသည်။

ထို့အပြင် ၀ိတ်လည်းတက်  လာသဖြင့် လတ်တလောတွင် ၀ိတ်လျှော့နေကြောင်း ရတနာ ဖြူဖြူအောင်ကပြောသည်။

‘‘နှစ်လလောက်အငတ်ခံ လိုက်ရတယ်။ အခု Gym ဆော့ နေတယ်။ ဆရာအောင်ခိုင်ဝင်းဆီ မှာ။ ဆရာနဲ့တွေ့ပြီးတဲ့ နှစ်လအ တွင်းမှာ ပြောင်းလဲလာတယ်လို့ ခံစားရတယ်။ ၁၆၅ ပေါင်ကနေ  အများကြီး ကျသွားတယ်’’ ဟု ၎င်းကပြောသည်။ ရိုက်ကူးထားသည့် ဗီဒီယို ဇာတ်ကားများရှိသော်လည်းဈေး ကွက်အခြေအနေအရ မဖြန့်ချိ နိုင်ခြင်းဖြစ်ပြီး နေတိုးနှင့် သရုပ် ဆောင်ထားသည့် ကောင်းကင် မှာ အရုပ်ရေးတဲ့ကြယ်ဇာတ်ကား ကို စကိုင်းနက်ရုပ်သံလိုင်း Pay   Per View ၌ပြသရန် ရှိကြောင်း ရတနာဖြူဖြူအောင်က ပြော သည်။

No comments:

Post a Comment