Pages

Monday, May 6, 2019

အကြမ်းဖက်ဝါဒကို အမြစ်ပြတ်ချေမှုန်းမည်ဟု သီရိလင်္ကာသမ္မတပြော

သီရိလင်္ကာသမ္မတ မိုင်သရီပါလာ ဆီရီဆီနာက အကြမ်းဖက်ဝါဒကို အမြစ်ပြတ်ခြေမှုန်းပြီး ရွေးကောက်ပွဲမတိုင်မီ တိုင်းပြည်ပြန်လည်တည်ငြိမ်ရေး ဆောင်ရွက်သွားမယ်လို့ မေ ၄ ရက်က ကတိပြုပြောကြားလိုက်ပါတယ်။ ဧပြီ ၂၁ ရက်နေ့က ကျရောက်တဲ့ အီစတာ တနင်္ဂနွေနေ့က သီရိလင်္ကာ နိုင်ငံတစ်လွှား ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဇိမ်ခံဟိုတယ်တွေကို ပစ်မှတ်ထားပြီး အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် လူပေါင်း အယောက် ၂၅၀ ကျော် သေဆုံးခဲ့ရပါတယ်။


အီစတာ တိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ အိုင်အက်စ်အဖွဲ့ ရှိနေတယ်လို့ ယူဆတယ်လို့ သမ္မတ မိုင်သရီပါလာက ပြောခဲ့ပါတယ်။ အဲဒီအသေခံဗုံးခွဲမှုနဲ့ ပတ်သက်ပြီး အိုင်အက်စ်အဖွဲ့က သူတို့လက်ချက်လို့ ကြေညာခဲ့ပေမယ့် ခိုင်လုံတဲ့ သက်သေတွေတော့ မဖော်ပြခဲ့ပါဘူး။

နိုင်ငံတလွှား ဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် လုံခြုံရေးအရ စိုးရိမ်မှုတွေ မြင့်တက်နေပေမယ့်  အခုနှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲကို ရွှေ့ဆိုင်းမှာ မဟုတ်ဘူးလို့ သမ္မတ မိုင်သရီပါလာက ပြောခဲ့ပါတယ်။ သီရိလင်္ကာရွေးကောက်ပွဲကို နိုဝင်ဘာ ၁၀ ရက်ကနေ ဒီဇင်ဘာ ၁၀ ရက်အတွင်း ကျင်းပဖို့ ရှိတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

No comments:

Post a Comment