ထိုင်းနိုင်ငံ အလယ်ပိုင်း ပထုန်ဌာနီခရိုင် ခလွန်လုံဝါမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲထား သော မြန်မာလုပ်သားငါးဦးကို လက်နက်ခဲယမ်းများနှင့်အတူ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးမိသည်။ ယမန်နေ့တွင် မူးယစ်ဆေး ၀ါးသုံးစွဲထားသော မြန်မာလုပ် သားငါးဦးသည် နေအိမ်အတွင်း အော်ဟစ်ဆူညံနေ၍ အနီးဝန်း ကျင်ရှိ ထိုင်းနိုင်ငံသားများကတား မြစ်ရာသေနတ်ဖြင့် ချိန်ရွယ်ပြီး ပြန်လည်ခြိမ်းခြောက်သဖြင့် ရဲ တပ်ဖွဲ့ထံ တိုင်ကြားရာဖမ်းဆီးခံရခြင်းဖြစ်သည်။
ထိုင်းရဲတပ်ဖွဲ့က လက်နက် ကိုင်ဆောင်သူအပါအ၀င်မြန်မာ လုပ်သားများကို ၀င်ရောက်ဖမ်း ဆီးရာ မြန်မာလုပ်သားသုံးဦးဖမ်း ဆီးခံရပြီး နှစ်ဦးထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ငါးဦးစလုံး ဖမ်းဆီးခံရသည်။ မြန်မာလုပ် သားများထံမှ ထိုင်းနိုင်ငံထုတ် သေနတ်တစ်လက်နှင့် ကျည်ဆန် အတောင့် ၂၀ တွေ့ရှိကြောင်း ထိုင်းရောက်မြန်မာလုပ်သားများ အရေးကူညီနေသော မြန်မာအဖွဲ့အစည်းများက ပြောသည်။ ‘‘ထိုင်းနိုင်ငံ လက်ရှိအချိန် မှာ မူးယစ်ဆေးဝါးရော ဒုစရိုက်မှု တွေရော တားဆီးနှိမ်နင်းနေတဲ့အ ချိန်ဖြစ်တယ်။ နောက်ပြီး မြန်မာ လုပ်သားတွေမှာ သေနတ်ပါတွေ့ ရတယ်’’ ဟု ထိုင်းရောက်မြန်မာ လုပ်သားများအရေး ကူညီနေ သော အလုပ်သမားဟစ်တိုင်အဖွဲ့ မှ ကိုစိုးလင်းဦးက ပြောသည်။
ထို့အပြင် မေလ ၁၆ ရက်က ထိုင်းနိုင်ငံမဲဆောက်မြို့တွင် တ ရားမ၀င်နေထိုင်အလုပ်လုပ်ကိုင် နေသော ရွှေ့ပြောင်းမြန်မာလုပ် သားများကို ထိုင်းရဲတပ်ဖွဲ့က စစ် ဆေးဖမ်းဆီးရာ မြန်မာလုပ်သား ၁၀၀ ဖမ်းဆီးခံရသည်။
ထိုင်းရဲတပ်ဖွဲ့နှင့် ထိုင်းလူ ၀င်မှုကြီးကြပ်ရေးဌာနတာဝန်ရှိ သူများက မဲဆောက်မြို့မဲတောင် လမ်းရှိ မြန်မာလုပ်သားများ၏ နေ အိမ်များကို ၀င်ရောက်စစ်ဆေးရာ အထောက်အထား စာရွက်စာ တမ်းဖြင့် တရားဝင်နေထိုင်သော မြန်မာလုပ်သားများကို ပြန်လွှတ် ပေးပြီး အထောက်အထားမရှိ သည့် မြန်မာလုပ်သား ၁၀၀ ကို ဖမ်းဆီးခဲ့ကြောင်း မဲဆောက်မြို့ရှိ မြန်မာလုပ်သားများအရေးကူညီ နေသော မြန်မာအဖွဲ့အစည်းများ က ပြောသည်။ မေလ ၁၁ ရက်က ဆုန်ခ လာခရိုင်ရှိ တောတွင်း၌ ပုန်းခိုနေ သော တရားမ၀င်မြန်မာလုပ်သား ၂၇ ဦးကို ထိုင်းရဲတပ်ဖွဲ့က တွေ့ ရှိ၍ ဖမ်းဆီးထားသည်။
No comments:
Post a Comment