Pages

Wednesday, May 22, 2019

မင်္ဂလာဒုံတွင် ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာဖြင့် အမည်မသိအမျိုးသားတစ်ဦး သေဆုံးနေ

မင်္ဂလာဒုံမြို့နယ် တန့် ကြည်တောင် ဝိပဿနာရိပ်သာ အနီး ရေမြောင်းအတွင်း ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာဖြင့် အမျိုးသား တစ်ဦး သေဆုံးမှု ယမန်နေ့က ဖြစ်ပွားကြောင်း ထောက်ကြန့်နယ်မြေ ရဲစခန်းမှူးက ပြောသည်။ သေဆုံးသူ အမျိုးသားသည် အသက် (၂၀)ခန့်ရှိပြီး မေလ ၂၀ ရက် နေ့လယ် ၁ နာရီခွဲ၌ ကုန်းတလပေါင်ကျေးရွာ ရွှေစေတီပတ်လမ်းရှိ တန့်ကြည်တောင် ဝိပဿ နာရိပ်သာ  မြောက်ဘက်  ရေမြောင်းအတွင်း ဝဲဘက်ဝမ်းဗိုက်ဘေး ထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
‘‘သူဘယ်မှာနေတယ်၊ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ စုံစမ်း နေတုန်းပါပဲ။ လောလောဆယ် တော့ လူသတ်မှုနဲ့ အမှုဖွင့်ထား တယ်။ အလောင်းကို ဆေးရုံကိုပို့ ပြီး ဆေးစစ်ချက်စောင့်နေပါ တယ်။ တရားခံကိုလည်း စုံစမ်း နေတုန်းပါပဲ’’ဟု အထက်ပါစခန်း မှူးက ပြောသည်။

သေဆုံးသူအမျိုးသားသည် အရပ် ငါးပေကျော်ရှိပြီး အနီအ နက်ကွက်ကျား အင်္ကျီလက်ရှည်၊ အနီအနက်ကွက်စိပ်ပုဆိုး၊ Xin Jia တံဆိပ်ပါ လက်ပတ်နာရီတစ်လုံး ဝတ်ဆင်ထားကြောင်းနှင့် သေဆုံးသူကို သိရှိပါက သက်ဆိုင်ရာ ရဲတပ်ဖွဲ့သို့ ဆက်သွယ်အကြောင်းကြားရန် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ထောက်ကြန့်နယ်မြေရဲစခန်းက လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီး ရမိရေး စုံစမ်းနေသည်။

No comments:

Post a Comment