Pages

Tuesday, May 7, 2019

ပုသိမ်-ရန်ကုန်ကားလမ်းပေါ်က မဲဇလီတံတား အကောင်းအတိုင်းရှိ

 ပုသိမ်-ရန်ကုန်ကားလမ်းပေါ်ရှိ မဲဇလီကျေးရွာမှ မဲဇလီတံတားကျိုးသည်ဆိုသည့် သတင်းမှာ ကောလဟာလသာ ဖြစ်ကြောင်း ဆားမလောက်ကျေးရွာရှိ ဒေသခံများကပြောသည်။ လူမှုကွန်ယက်စာမျက်နှာအကာင့်တစ်ခုမှ အဆိုပါတံတားကျိုးကြောင်း သတင်းမှားတစ်ခုအား မေလ ၆ရက်နေ့လယ်ပိုင်းက ဖြန့်ဝေခဲ့သည်။ ယင်းမမှန်သတင်းကြောင့် ဧရာဝတီတိုင်းအတွင်းရှိ ဒေသခံအချို့ သွားရေးလာရေးအတွက် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်ခဲ့သည်။ "မဲဇလီတံတားကျိုးတယ်ဆိုတဲ့ သတင်း ကျွန်တော်တို့ မကြားမိပါဘူး၊ တံတားလဲမကျိုးပါဘူး၊ ကားတွေလည်း အသွားအလာ မပြတ်ရှိနေပါတယ်"ဟု ဆားမလောက်ကျေးရွာမှ ဒေသခံတစ်ဦးဖြစ်သူ ဦးမျိုးလွင်က ပြောသည်။

No comments:

Post a Comment