Pages

Saturday, May 25, 2019

အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ၌ မြန်မာအသင်း လက်ရှိချန်ပီယံနှင့် တစ်အုပ်စုတည်းကျ

အာရှ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် မြန်မာအသင်းသည် အုပ်စု (ခ) ၌ လက်ရှိချန်ပီယံ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။ ထိုင်းနိုင်ငံ၌ ကျင်းပမည့် အဆိုပါ ပြိုင်ပွဲနောက်ဆုံး အဆင့်တွင် ရှစ်သင်း ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ပြီး အုပ်စု (က) တွင် အိမ်ရှင် ထိုင်း၊ မြောက်ကိုရီးယား၊ သြစ တြေးလျ၊ ဗီယက်နမ် အသင်းတို့ ပါဝင်သည်။ မြန်မာအသင်း ပါဝင်သည့် အုပ်စု (ခ) ပွဲစဉ်များကိုအောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၃ ရက် အထိ ထိုင်းနိုင်ငံ ချောင် ဘူရီမြို့ရှိIPE ChonburiStadium ၌ ကျင်းပမည် ဖြစ်သည်။



ပွဲစဉ်ရေးဆွဲမှုအရ မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲအ ဖြစ် အောက်တိုဘာ ၂၈ ရက် တွင် လက်ရှိချန်ပီယံဂျပန်၊ အောက်တိုဘာ ၃၁ ရက်တွင် တရုတ်၊ နိုဝင်ဘာ ၃ ရက်တွင် တောင်ကိုရီးယားအသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ အကြိုဗိုလ်လုပွဲစဉ်များကို နိုဝင်ဘာ ၆ ရက်၊ ဗိုလ်လုပွဲနှင့် တတိယနေရာ လုပွဲကို နိုဝင်ဘာ ၉ ရက်တွင် ကျင်းပမည် ဖြစ်သည်။ နည်းပြချုပ် ဒေါ်သက်သက်ဝင်း ကိုင်တွယ်နေသည့် မြန်မာယူ-၁၉ အမျိုးသမီးဘောလုံးအ သင်းသည် ယင်းပြိုင်ပွဲခြေစစ်ပွဲပထမနှင့် ဒုတိယအဆင့်ကို ဖြတ်ကျော်ကာ ခြေစစ်ပွဲအောင်မြင်ခြင်းဖြစ်သည်။ မြန်မာအသင်း သည် အာရှယူ-၁၉ အမျိုးသမီး ပြိုင်ပွဲအတွက် ဇွန်လကုန်တွင်  စတင်လေ့ကျင့်ပြင်ဆင်မည်ဖြစ်သည်။

No comments:

Post a Comment