Pages

Tuesday, May 14, 2019

အမေရိကန် ဒေါ်လာတန်ဖိုး ၂ ရာခိုင်နှုန်းခန့် မြင့်တက်

 ပြည်တွင်းငွေကြေးဈေး ကွက်တွင် ဒေါ်လာ တန်ဖိုး ၂ ရာခိုင်နှုန်းခန့် ပြန်လည်မြင့်တက်ပြီး မေလ ၁၃ ရက်၌ တစ်ဒေါ်လာ ၁,၅၃၅ ကျပ်သို့ ရောက်လာ သည်။ မေလဆန်းက တစ်ဒေါ်လာ ကျပ် ၁,၅၀၀ ခန့်သာရှိသော်လည်း နှစ်ပတ်အတွင်း ပြန်လည်မြင့် တက်လာသည်။ ‘‘ဒေါ်လာက လလယ်ပိုင်းဆို တက်တယ်။ လကုန်ရက်အထည် ချုပ်တို့၊ ဘာတို့က ငွေဝင်လာရင် ပြန်ကျလေ့ရှိတယ်’’ ဟု မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်ဗဟိုအ လုပ်အမှုဆောင် ဦးမျိုးသူရအေး က ပြောသည်။ ဈေးကွက်အတွင်း ဒေါ်လာတန်ဖိုးမြင့်သကဲ့သို့ ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းလည်း တစ် ဒေါ်လာ ၁,၅၃၇ ကျပ်သို့ ရောက်ရှိခဲ့သည်။



ဒေါ်လာတန်ဖိုးတက်သကဲ့ သို့ ပြည်တွင်းရွှေဈေးလည်း မေလအတွင်း ၁ ရာခိုင်နှုန်းကျော် မြင့်တက်လာသည်။ ကမ္ဘာ့ရွှေဈေးမြင့် တက်မှုကြောင့် ပြည်တွင်းရွှေဈေးတက်ရခြင်းဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်အချို့က ပြောသည်။ ကမ္ဘာ့ရွှေဈေးက မေလ ၁၃ ရက်တွင် တစ်အောင်စလျှင် ၁,၂၈၄ ဒေါ်လာဈေးဖွင့်သည်။ ပြည်တွင်း ဈေးကွက်တွင် ရွှေဈေးသည် မေလဆန်းက အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်ဆယ်သိန်းသုံးသောင်းခွဲမှ မေလ ၁၃ ရက်တွင် ကျပ်ဆယ်သိန်းငါး သောင်းနှစ်ထောင်သို့ ရောက်လာ သည်။

No comments:

Post a Comment