Pages

Thursday, May 23, 2019

မီဒီယာအမည်ခံလိမ်လည်အလှူခံသူရှစ်ဦးကို ဖမ်းဆီးအမှုဖွင့်

မန္တလေးခရိုင် ပုသိမ် ကြီးမြို့နယ်တွင် သတင်းမီဒီယာ အမည်ခံ၍ လိမ်လည်အလှူခံသူ ရှစ်ဦးကို ဖမ်းဆီးအမှုဖွင့်ထား ကြောင်း ပုသိမ်ကြီးမြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ေ မလ ၁၉ ရက် ကန်ကောက် ရပ်ကွက်ရှိ နေအိမ်တစ်အိမ်သို့ အမည်မသိအမျိုးသားရှစ်ဦးကား ဖြင့် ရောက်ရှိလာပြီး ၎င်းတို့သည် အမိမြေသတင်းစုံဂျာနယ်လစ်အ ဖွဲ့မှ ဖြစ်ကြောင်း ပြောကြားပြီး အလှူငွေထည့်ဝင်ရန် လာရောက် ကောက်ခံခဲ့ကြောင်း ရဲမှတ်တမ်း တွင် ဖော်ပြထားသည်။



‘‘အိမ်ထဲ ဝင်လာပြီး လူကြီး တွေကို ဧည့်ခံဖို့ တစ်ဝိုင်းကို နှစ် သိန်းကျမယ်၊ သုံးဝိုင်းစာ လှူရ မယ်ဆိုပြီး အလှူခံတယ်’’ဟု ကန် ကောက်ကျေးရွာနေ ကိုမျိုးက ပြောသည်။ ကိုမျိုး၏ဇနီးက အဆိုပါအ ဖွဲ့မှ ယာဉ်မောင်းနှင့် သုံးဦးခန့်သည် ယခင်လေးလခန့်က ဓမ္မာရုံဆောက်လုပ်ရန် လာရောက်အလှူခံရာတွင် ပါဝင်သည်ကို မှတ်မိသည်ဟု ပြောရာမှ ကျေးရွာအုပ်ချုပ်ရေးမှူးထံ ဖုန်းဆက်တိုင်ကြား ခဲ့ကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ရောက်ရှိလာပြီး စစ်ဆေးမေးမြန်းရာတွင် အမိမြေ သတင်းစုံစမ်းစုဆောင်းရေးအဖွဲ့ ရုံးချုပ်ဖွင့်လှစ်ရန် မှတ်တမ်းတင် ဂုဏ်ပြုလွှာ အလွတ်စာရွက်သာ ပြနိုင်ပြီး ခိုင်လုံသည့် အထောက် အထားပြသနိုင်ခြင်း မရှိသော ကြောင့် ဖမ်းဆီးအရေးယူခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

သတင်းမီဒီယာအမည်ခံ၍ လိမ်လည် အလှူခံသူရှစ်ဦးတွင် မန္တလေးနေ့စဉ် သတင်းစာမှ သတင်းထောက်တစ်ဦး ပါဝင် ကြောင်း တိုင်းရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။ မန္တလေးနေ့စဉ်သတင်းစာသည် မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီက ထုတ်ဝေသည့် နေ့စဉ်သတင်းစာ  ဖြစ်သည်။ ၎င်းတို့သတင်းထောက် ပါဝင်နေမှုနှင့်ပတ်သက်၍ မန္တ လေးနေ့စဉ်သတင်းစာတာဝန်ရှိ သူများထံ မေလ ၂၀ ရက်က ဖုန်း ဆက်သွယ်မေးမြန်းရန် ကြိုးပမ်း သော်လည်း ဆက်သွယ်မရပေ။ လိမ်လည်အလှူခံသူရှစ်ဦး ကို ပုသိမ်ကြီးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၄၂၀၊ ၄၆၈၊ ၁၁၄ ဖြင့် အမှုဖွင့်ဖမ်းဆီးထား ကြောင်း မြို့မရဲစခန်းတာဝန်ရှိသူ က ပြောသည်။

No comments:

Post a Comment