Pages

Wednesday, May 22, 2019

အစိုးရနည်းပညာအထက်တန်းကျောင်း (ရွာမ)ဝင်ခွင့် စာမေးပွဲ ကျင်းပနေ

ပညာရေးဝန်ကြီးဌာန နည်းပညာနှင့်အသက်မွေးပညာဦးစီးဌာနမှ နည်းပညာ THS ဝင်ခွင့်စာမေးပွဲကို မေ ၂၁ ရက် ယနေ့နံနက်တွင် အစိုးရနည်းပညာ အထက်တန်းကျောင်း(ရွာမ) တွင် လာရောက်ဖြေဆိုသူများပြားလျက်ရှိကြောင်း သိရသည်။ ဝင်ခွင့်စာမေးပွဲဖြေဆိုရန် အဌမတန်း(၈) တန်းအောင်မြင်ထားပြီး အကျင့်စာရိတ္တကောင်းမွန်ကာ ကျန်းမာ၍ လုပ်ငန်းစွမ်းဆောင်နိုင်သော ကျောင်းသားကျောင်းသူများ ဖြေဆိုခွင့်ပေးထားသည်ဟု သိရသည်။ သင်တန်းကာလ ၂နှစ် အောင်မြင်ပြီးလျှင် AGTI ပထမနှစ်သို့ ဝင်ခွင့်ဖြေဆိုပြီး တက်ရောက်နိုင်ကြောင်း သိရသည်။



အဆိုပါအစိုးရနည်းပညာဝင်ခွင့်စာမေးပွဲကို ရန်ကုန်တိုင်း(ရွာမ) အပါဝင် ပူတာအို၊ မြစ်ကြီးနား၊ ဗန်းမော်၊ ခန္တီး၊ မင်းတပ်၊ ကလေး၊ မုံရွာ၊ကျောက်ဆည်၊ ပခုက္ကူ၊ လားရှိုး၊ ပင်လုံ၊ တောင်ကြီး၊ ကျိုင်းတုံ၊ မိတ္ထီလာ၊ လွိုင်ကော်၊ နေပြည်တော်၊ မကွေး၊ ပြည်၊ တောင်ငူ၊ စစ်တွေ၊ ဟင်္သာတ၊ မအူပင်၊ ပုသိမ်၊ ဘားအံ၊မော်လမြိုင်၊ ထားဝယ်၊ မြိတ်၊ ပင်းပက်၊ မြင်းခြံ၊ ချောင်းဦး၊ လက်ခုက်ကုန်း၊ တီးတိန်၊ မန္တလေး စသည့် စုစုပေါင်း ၃၄ ကျောင်း တွင် ကျောင်းသားကျောင်းသူများ ဖြေဆိုကြကြောင်း သိရသည်။

No comments:

Post a Comment