Pages

Monday, May 6, 2019

အစ္စရေးစစ်တပ်နှင့် ဟားမက်စ်စစ်သွေးကြွအဖွဲ့ အပြန်အလှန် ပစ်ခတ်

အစ္စရေးစစ်တပ်နဲ့ ဂါဇာဒေသကို ထိန်းချုပ်ထားတဲ့ ဟားမက်စ်စစ်သွေးကြွအဖွဲ့တို့ဟာ မေလ ၄ ရက် ညပိုင်းက အမြောက်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြပါတယ်။ အစ္စရေးရဲ့  လေကြောင်း တိုက်ခိုက်မှုကြောင့် ဂါဇာ ဒေသမှာ နေအိမ် အဆောက်အအုံတွေ တော်တော်များများ ပျက်စီးနေတဲ့ ရုပ်သံဖိုင်ကိုလည်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အစ္စရေးနဲ့ ဂါဇာကြား အပြန်အလှန် နယ်စပ်ဖြတ်ကျော် ပစ်ခတ်နေတာ  သုံးရက်မြောက်နေ့ ရောက်လာချိန် တနင်္ဂနွေနေ့ မနက်အစောပိုင်းမှာ ဂါဇာဘက်က ပစ်ခတ်မှုကြောင့် အစ္စရေး အရပ်သား တယောက်သေဆုံးပြီး အစ္စရေးလေကြောင်း တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း သေနတ်သမား နှစ်ယောက် သေဆုံးခဲ့ပါတယ်။

ဂါဇာကျန်းမာရေး ၀န်ကြီးဌာနကတော့ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှု တခုအတွင်း ၁၄ လအရွယ် ကလေးငယ်တယောက်နဲ့ သူရဲ့မိခင်တို့ သေဆုံးပြီး နောက်ထပ် ပါလက်စတိုင်း ၁၂ ယောက်လည်း ဒဏ်ရာရခဲ့တယ်လို့  ပြောပါတယ်။ အီဂျစ်နဲ့ ကုလသမဂ္ဂ ကြားဝင်စေ့စပ်သူတွေကလည်း ဂါဇာနဲ့အစ္စရေးအကြား  ပဋိပက္ခတွေထပ် မဖြစ်အောင်တားဆီးဖို့ ဆောင်ရွက်နေကြပါတယ်။ ပါလက်စတိုင်း  ဂျီဟတ် လက်ဖြောင့် သေနတ်သမား တယောက်ရဲ့ လက်ချက်ကြောင့် အစ္စရေးစစ်သားနှစ်ယောက် ဒဏ်ရာရခဲ့တဲ့ မေလ ၂ ရက်ကစပြီး နှစ်ဖက် အခြေအနေတွေ တင်းမာခဲ့ကြတာပါ။

No comments:

Post a Comment