Pages

Monday, May 20, 2019

မီးလောင်သင်္ဘောပေါ်က ဝန်ထမ်းများကို ရဟတ်ယာဉ် ၂ စီးဖြင့် ကယ်တင်

မီးလောင်နေတဲ့ ကုန်တင်သင်္ဘောပေါ်က အမှုထမ်းတွေကို စပိန် အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့က ရဟတ်ယာဉ်နှစ်စီးနဲ့ ကယ်တင်ခဲ့ရပါတယ်။ အီတလီအလံ လွှင့်တင်ထားတဲ့ ကုန်တင်သင်္ဘော “Grande Europa” ဟာ ပြီးခဲ့တဲ့ မေ ၁၅ ရက်နေ့က ပါးမားမြို့ရဲ့ တောင်ဘက် ၂၅ မိုင်အကွာမှာရှိတဲ့ မယ်လိုကာကျွန်းမှာ မီးလောင်ကျွမ်းခဲ့ရတာလို့ အရေးပေါ်ကယ်ဆယ်ရေးဌာန လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။



ဒီဖြစ်စဉ်အတွင်းမှာ ကယ်ဆယ်ရေးဌာနက သင်္ဘောပေါ်က အမှုထမ်း ၁၅ ဦးကို ရဟတ်ယာဉ်နဲ့ ကယ်ဆယ်ခဲ့ရပြီး ကျန်တဲ့ ၁၀ ဦးကတော့ သင်္ဘောပေါ်ကမီးကို ငြှိမ်းသတ်ဖို့ ကျန်ရစ်ခဲ့ပါတယ်။

ဒီကယ်ဆယ်ရေးမှာ ရဟတ်ယာဉ်နှစ်စီးနဲ့ လှေသုံးစီး ပါဝင်ခဲ့ပြီး ဖြစ်စဉ်တခုလုံးမှာ ထိခိုက်ဒဏ်ရာရမှု တစုံတရာ ဖြစ်ပွားခဲ့တာတော့ မရှိပါဘူး။ လက်ရှိအချိန်ထိ မီးလောင်မှုဖြစ်ရတဲ့ အကြောင်းအရင်းကိုလည်း မသိရသေးပါဘူး။

No comments:

Post a Comment