Pages

Saturday, May 18, 2019

ဖုယွင်သပိတ်ကူညီသူတွေကို အမိန့်ချမှတ်

ရက်ပေါင်း ၇၀ ကျော်ကြာမြင့်ခဲ့တဲ့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်က ဖုယွင်အထည်ချုပ်စက်ရုံ အလုပ်သမားသပိတ်ဟာ ပြေလည်မှု ရရှိပြီးသွားပေမယ့် သိပိတ်ဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးခဲ့ကြတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ သုံးဦးကို ဒီနေ့ ကျောက်တံတားမြို့နယ် တရားရုံးက ထောင်ဒဏ် ၁၅ ရက် စီချမှတ်လိုက်ပါတယ်။



ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ဖုယွင်သပိတ်နဲ့ ပတ်သက်ပြီး ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံအနီးမှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲကြောင့် ငြိမ်းစုစီပုဒ်မ ၂၀ နဲ့ မြို့နယ်တရားရုံးက ထောင်ဒဏ် ၁၅ ရက် သို့မဟုတ် ငွေဒဏ် နှစ်သောင်းကျခံဖို့ ပြောချိန်မှာ ဦးအောင်မြင့်ကတော့ ထောင်ဒဏ် ၁၅ ရက်ကိုရွေးချယ်ခဲ့ပြီး အဓ္ဓမဝါဒီဆန့်ကျင်ရေးက ဦးမြတ်ကျော် အပါအဝင် နှစ်ဦးကတော့ ငွေဒဏ် နှစ်သောင်းကျပ် ဆောင်ခဲ့ကြပါတယ်။

ထောင်ဒဏ် ၁၅ ရက်ကိုရွေးချယ်ရတာဟာ မြန်မာနိုင်ငံမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ တရားစီရင်ရေးဟာလည်း တရားမျှတမှု မရှိတဲ့အတွက် ငွေဒဏ်ကိုမရွေးဘဲ ထောင်ဒဏ်ကိုရွေးခဲ့တာ ဖြစ်တယ်လို့ ဘိုကလေး ဦးအောင်မြင့်က ဒီနေ့ အမိန့်ချအပြီးမှာ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတည်းက အထည်ချုပ်စက်ရုံ အလုပ်သမားတွေဟာ အလုပ်သမားအခွင့်အရေးရရှိဖို့ သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး အောက်တိုလမှာ ပြေလည်မှုရပြီး အလုပ်သမားတွေ အလုပ်ပြန်ဆင်းခွင့် ရနေကြပြီ ဖြစ်ပါတယ်။

No comments:

Post a Comment