Pages

Thursday, May 30, 2019

ဟာဇက်ကို ပေါင် ၁၁၅ သန်းဖြင့် ရီးရဲလ်ထံ ရောင်းချရန် ချဲလ်ဆီး သဘောတူ

ချဲလ်ဆီးအသင်းဟာ ကွင်းလယ်ကစားသမား ဟာဇက်ကို ပြောင်းရွှေ့ကြေး ပေါင် ၁၁၅ သန်းနဲ့ ရီးရဲလ်အသင်းဆီ ရောင်းချဖို့ သဘောတူညီလိုက်ပြီလို့ သိရပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ ဟာဇက်အတွက် ပေါင်သန်း ၁၀၀ ကနဦးရရှိမှာဖြစ်ပြီး နောက်ထပ် ၁၅ သန်းကိုတော့ ဟာဇက်ရဲ့ စွမ်းဆောင်နိုင်မှုအပေါ် မူတည်ပြီး ရရှိမှာဖြစ်ပါတယ်။ ဟာဇက်ကတော့ ရီးရဲလ်အသင်းမှာ တပတ်လုပ်ခ ပေါင် ၄ သိန်း ရရှိမယ်လို့သိရပြီး ယူရိုပါလိဂ် ဗိုလ်လုပွဲအပြီးမှာ အပြီးသတ်ပြောင်းရွှေ့ဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။



ဟာဇက်ကိုယ်တိုင်ကတော့ လက်ရှိအချိန်မှာ ဗိုလ်လုပွဲအတွက် ခေါင်းထဲထည့်ထားတယ်လို့ ဆိုခဲ့ပြီး ဗိုလ်လုပွဲအပြီးမှာ ဆုံးဖြတ်ချက်ချမယ်လို့ ပြောပါတယ်။

ဒါပေမယ့်လည်း ဗိုလ်လုပွဲမတိုင်ခင်မှာပဲ ဟာဇက်ရဲ့ အပြောင်းအရွှေ့အတွက် ရီးရဲလ်နဲ့ ချဲလ်ဆီးတို့ သဘောတူညီထားတဲ့ ပြောင်းရွှေ့ကြေးပမာဏ ထွက်ပေါ်လာခဲ့တာပါ။

ရီးရဲလ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်ကလည်း ဟာဇက်ကို ခေါ်ယူလိုတယ်လို့ အခိုင်အမာ ပြောကြားထားပြီး အခုနှစ်ရာသီမှာတော့ ဟာဇက်ကို ခေါ်ယူနိုင်မယ့် အိပ်မက်တွေ အမှန်တကယ်ဖြစ်လာဖို့ မျှော်လင့်ထားတယ်လို့ ပြောဆိုထားပါတယ်။

No comments:

Post a Comment