Pages

Thursday, May 30, 2019

တိုက်စစ်မှူး နေမာ ဘရာဇီး အသင်းခေါင်းဆောင်ရာထူးက ဖယ်ရှားခံရ

ဘရာဇီးတိုက်စစ်မှူး နေမာဟာ လက်ရွေးစင် အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားခံလိုက်ရပါတယ်။ လာမယ့် ဇွန်လ ၁၄ ရက်မှာ စတင်မယ့် ကိုပါအမေရိကဖလားပြိုင်ပွဲကို နောက်ခံလူ ဒန်နီအဲလ်ဗက်က အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ အသက် ၂၇ နှစ်ရှိ တိုက်စစ်မှူး နေမာဟာ ပီအက်စ်ဂျီအသင်းမှာ စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာတွေ ရှိခဲ့တာကြောင့် ဘရာဇီးအသင်းက အသင်းခေါင်းဆောင် လက်ပတ်ကို ရုပ်သိမ်းခဲ့တာ ဖြစ်နိုင်တယ်လို့ သိရပါတယ်။



နေမာဟာ ပြင်သစ်ဖလား ဗိုလ်လုပွဲမှာ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပြီးနောက် ကွင်းပေါ်ကိုတက်ပြီး ဆုတံဆိပ်တက်ယူရာ လမ်းမှာ ပရိသတ်တဦးကို လက်သီးနဲ့ ထိုးခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

ကာတာ၊ ဟွန်ဒူးရပ်စ် အသင်းတွေနဲ့ ခြေစမ်းပွဲနှစ်ပွဲနဲ့ ကိုပါအမေရိကဖလား ပြိုင်ပွဲမှာ နောက်ခံလူ ဒန်နီအဲလ်ဗက်က အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူသွားမှာဖြစ်တယ်လို့ ဘရာဇီးအသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

No comments:

Post a Comment