Pages

Tuesday, May 14, 2019

တစ်သျှူးငှက်ပျောကုမ္ပဏီနှစ်ခုကို သစ်တောဦးစီးဌာနက တရားစွဲဆို

ကချင်ပြည်နယ်ရှိ သစ် တောကြိုးဝိုင်းနှစ်ခုအတွင်း ကျူး ကျော်ကာ တရားမဝင် တစ်သျှူး ငှက်ပျောစိုက်ပျိုးထားသည့် ကုမ္ပ ဏီငါးခုအနက် နှစ်ခုကို သစ်တော ဦးစီးဌာနက တရားစွဲဆိုပြီးဖြစ် သည်။  ဝိုင်းမော်မြို့နယ်ရှိ ဝါရှောင် နှင့် နန့်ဝါသစ်တောကြိုးဝိုင်းအ တွင်း ကျူးကျော်ကာ တစ်သျှူး ငှက်ပျောစိုက်ပျိုးထားသော မလိခနဂါးနှင့် မျိုးဆက်ကြယ်ပွင့် ကုမ္ပဏီကို သစ်တောဦးစီးဌာနက တရားလိုပြုလုပ်ကာ ဝိုင်းမော်မြို့မ ရဲစခန်း၌ အမှုဖွင့်ခြင်းဖြစ်သည်။



‘‘ကျွန်တော့်ဆီ ဒီနေ့ပဲ စာဝင် လာတယ်။ ၂၀၁၈ သစ်တောဥပ ဒေအရဆို ရဲစခန်းမှာ တိုင်ချက် ဖွင့်ပြီး ရဲက တရားရုံးတင်မယ်။ တရားရုံးမှာ အမှုရင်ဆိုင်ပြီး တရားသူကြီးဆုံးဖြတ်တဲ့အတိုင်း ဆက် လုပ်ရမယ်’’ဟု ကချင်ပြည်နယ် သစ်တောဦးစီးဌာန ဦးစီးမှူး ဦးခင်မောင်ဦးက ပြောသည်။  မလိခနဂါးကုမ္ပဏီက နန့်ဝါ ကြိုးဝိုင်းအတွင်း ကျူးကျော်၍ ၅၃၉ ဧက၊ မျိုးဆက်ကြယ်ပွင့်က ဝါရှောင်ကြိုးဝိုင်းအတွင်း ၉၈ ဧက ကျူးကျော်၍ တစ်သျှူးငှက်ပျော စိုက်ပျိုးထားသည်ကို သက်သေ အခိုင်အမာရယူပြီးနောက် တရားစွဲဆိုခြင်းဖြစ်သည်ဟု ဦးခင်မောင် ဦးက ပြောသည်။

မလိခနဂါးနှင့် မျိုးဆက် ကြယ်ပွင့်အပါအဝင် ကုမ္ပဏီငါးခု က ဝိုင်းမော်မြို့နယ်ရှိ သစ်တော မြေဧရိယာဧကငါးထောင်ကျော် အတွင်း ကျူးကျော်ကာ တစ်သျှူး ငှက်ပျောစိုက်ပျိုးထား၍ သစ် တောဦးစီးဌာနက တရားစွဲဆိုရန် မတ်လကပင် ကြိုးစားနေခြင်းဖြစ် သည်။ တစ်သှူးငှက်ပျောကုမ္ပဏီ များဖြစ်သော လွယ်ဖူးဘွမ်၊ ရှိန်သာ၊ ချမ်းရင်ခူး၊ မျိုးဆက်ကြယ် ပွင့်နှင့် မလိခနဂါးတို့ကို တရားစွဲ နိုင်ရေး ကြိုးစားနေပြီး သုံးခုကျန်ရှိ နေသည်။  ‘သက်သေခိုင်မာအောင် လုပ်ပြီး တစ်ခုချင်းကို အခုလိုပဲ အမှုဖွင့်သွားမှာပါ’’ဟု ဦးခင်မောင်ဦးက ပြောသည်။

No comments:

Post a Comment