Pages

Wednesday, May 22, 2019

တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း[CNPC]က မြန်မာနိုင်ငံတွင် ဓာတ်ဆီဆိုင်များ ဖွင့်မည်

တရုတ်အမျိုးသားရေနံ ကော်ပိုရေးရှင်း (CNPC)သည် မြန်မာနိုင်ငံတွင် ဓာတ်ဆီဆိုင် အများအပြားဖွင့်လှစ်မည်ဟု ကုမ္ပဏီအရာရှိများက ပြောကြား သည်။ တရုတ်နိုင်ငံတော် ရေနံကုမ္ပဏီကြီးက ၎င်းတို့၏ လက်လီဈေးကွက်ကို ချဲ့ထွင်နေစဉ် အရှေ့တောင်အာရှ၏ လျင်မြန်စွာ တိုးတက်နေသော ရေနံဈေးကွက်သို့ ၀င်ရောက်သောပထမဆုံး ကြီးမားသည့်နိုင်ငံခြားရင်းနှီးမြှုပ် နှံသူဖြစ်လာမည်ဖြစ်သည်။



နိုင်ငံခြားမှ ပါဝင်လုပ်ကိုင်မှုအနည်းငယ်သာရှိပြီး နှစ်စဉ် ၁၀ ရာခိုင်နှုန်းခန့်တိုးတက်နေသော မြန်မာရေနံဈေးကွက်ကို ရေနံလက်လီရောင်းချရေး အကောင်းဆုံးဈေးကွက်တစ်ခုအဖြစ် CNPC က ရှုမြင်ထားသည်။

‘‘ဒီဒေသမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို လမ်းဖွင့်ထားပြီး လိုအပ်ချက်အလွန်မြင့်မားတဲ့ဈေး ကွက်အနည်းငယ်မှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်’’ ဟု အဆိုပါရင်းနှီးမြှုပ်နှံမှုကို တိုက်ရိုက်သိရှိထားသည့် ဘေဂျင်းမြို့အခြေ စိုက် Petrochina International အမှုဆောင်အရာရှိက ပြောကြား သည်။

CNPC သည် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ကာ မြန်မာနိုင်ငံအနောက်ဘက်ကမ်းရိုးတန်းမှ တရုတ်နိုင်ငံအနောက်တောင်ပိုင်းသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို လုပ်ကိုင်နေသည်။

CNPC သည် မြန်မာနိုင်ငံတွင် ဓာတ်ဆီဆိုင်ရာပေါင်း များစွာဖွင့်လှစ်နိုင်ရန် ရည်မှန်းထားသော်လည်း ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်၌ ဓာတ် ဆီဆိုင်သုံး၊ လေးဒါဇင်ခန့်စတင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု Petroch ina အမှုဆောင်အရာရှိက ပြောသည်။ အချိန်ကာလသတ် မှတ်ချက်ကိုမူ ၎င်းကမပြောပေ။

သို့သော် CNPC သည် မြန်မာနိုင်ငံတွင် Petro-chine အမှတ်တံဆိပ်ဖြင့်မဟုတ်ဘဲ ၎င်းတို့ အပြည့်အ၀ပိုင်ဆိုင်သော စင်ကာပူအခြေစိုက် စင်ကာပူရေနံ ကုမ္ပဏီ (SPC)၏ အနီရောင်ရဲရဲ အမှတ်တံဆိပ်ဖြင့် ဓာတ်ဆီဆိုင် များဖွင့်လှစ်မည်ဖြစ်သည်။

SPC သည် ရွှေတောင်ကုမ္ပဏီနှင့်ပူးပေါင်း၍ ဓာတ်ဆီဆိုင်တစ်ဆိုင်ကို ရန်ကုန်မြို့လယ်တွင် မတ်လက ပထမဆုံးဖွင့်လှစ်ခဲ့သည်။

No comments:

Post a Comment