Pages

Saturday, May 18, 2019

F-16 တိုက်လေယာဉ်တစ်စီး ဂိုဒေါင်ပေါ်ပျက်ကျ

No photo description available.ကယ်လီဖိုးနီးယားပြည်နယ် Perris မြို့ရှိ အမေရိကန်လေတပ် အရံလေတပ်စခန်းတစ်ခုမှ F-16 တိုက်လေယာဉ်တစ်စီးသည် အနီးရှိ ဂိုဒေါင်တစ်လုံးပေါ်သို့ ပျက်ကျခဲ့သည်။ လေယာဉ်ပြေးလမ်းမှ ပျံတက်ပြီးမကြာမီတွင် လေယာဉ်၏ ဟိုဒ်ဒြောလစ်စနစ်ချွတ်ယွင်းမှုကြောင့် ယခုကဲ့သို့ပျက်ကျရခြင်းဖြစ်ပြီး လေယာဉ်မှူးမှာမူ ခုန်ထွက်သွားနိုင်ခဲ့ကာ စိုးရိမ်ရသော ဒဏ်ရာရမှုမရှိကြောင်း လေတပ်စခန်းမှ ပြောခွင့်ရပုဂ္ဂိုလ်ကပြောသည်။ ဂိုဒေါင်ကိုပိုင်ဆိုင်သော ကုမ္ဗဏီ၏ အမှုဆောင်အရာရှိချုပ်ကမူ ဂိုဒေါင်တွင်းရှိ ၀န်ထမ်းအားလုံး မည်သူမျှ ထိခိုက်မှုမရှိကြောင်းဆိုသည်။ ”ဘုရားသခင်ကျေးဇူးတော်ကြောင့် ဘယ်သူမှ ထိခိုက်မှုမရှိပါဘူး။ အားလုံး အိုကေပါတယ်”ဟု သူကပြောသည်။ သို့ရာတွင် လေယာဉ်ပျက်ကျခြင်းကြောင့် မြေပြင်ပေါ်ရှိ အခြားသူများ ထိခိုက်မှုရှိ/မရှိကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment