Pages

Saturday, May 18, 2019

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စာပေပညာရှင်တွေကို ဖမ်းဆီးမှု HRW ရှုတ်ချ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အခုသီတင်းပတ်အတွင်း အင်တာနက်ဥပဒေနဲ့ စာပေပညာရှင်တွေကို ဖမ်းဆီး အမှုဖွင့်အရေးယူနေတဲ့ ကိစ္စကို Human Rights Watch လူ့အခွင့်အရေးအဖွဲ့က ဒီနေ့ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ထင်ရှားတဲ့ ကဗျာဆရာတယောက်၊ လူ့အခွင့်အရေး လှုပ်ရှားသူတယောက်နဲ့ တိုင်းရင်းသားအရေး လှုပ်ရှားဆောင်ရွက်နေသူ ရှေ့နေတယောက်တို့ကို ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားဖော်ပြချက်တွေနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ရက်ပိုင်းက ရဲက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။



တင်းကြပ်လွန်းတဲ့ ဥပဒေတွေနဲ့ ဒီလိုဖမ်းဆီးအရေးယူမှုတွေဟာ ပြည်သူတယောက်အနေနဲ့ ရရှိသင့်တဲ့ လွတ်လပ်စွာ တွေးခေါ်ရေးသားမှုကို ပိတ်ပင်တားဆီးတာဖြစ်တဲ့အတွက် မဖြစ်သင့်ဘူးလို့ HRW အဖွဲ့ ညွှန်ကြားရေးမှူးတယောက်ဖြစ်သူ ဘရက်-အက်ဒမ်းစ်က ပြောပါတယ်။

No comments:

Post a Comment