Pages

Monday, May 6, 2019

K Wonder Festival 2019 ဖျော်ဖြေပွဲသို့ လာရောက်ကြည့်ရှုသူနည်းပါး

ကိုရီးယား အနုပညာရှင် များ ပါဝင်ဖျော်ဖြေသည့် K Wonder Festival 2019 ကို မေလ ၃ ရက် ညက ပြုလုပ်ခဲ့ရာ လာရောက်ကြည့်ရှုသူ နည်းပါးသည်။ ယင်းဖျော်ဖြေပွဲကို The OneEntertainment Park ၌ ပြုလုပ် ပြီး လာရောက်ကြည့်ရှုသည့် ပရိ သတ်ရာဂဏန်းမျှသာ ရှိသည်။ေ ဖျာ်ဖြေပွဲတွင် ကိုရီးယား နိုင်ငံမှ NAUTILUS ၊ BEWHY ၊ BUMKEY နှင့် LUNA တို့ပါဝင် ပြီး မြန်မာနိုင်ငံမှ အားတီနှင့် Mary တို့ ပါဝင်ဖျော်ဖြေခဲ့သည်။ ပရိသတ်နည်းပါးသော် လည်း အဆိုတော်များက သီချင်း များကို အင်ပြည့်အားပြည့်  ဖျော် ဖြေပြီး အဆိုတော်တစ်ဦးလျှင် သီချင်းငါးပုဒ် ခန့်သီ ဆိုပေးသည်။


ကိုရီးယားနိုင်ငံမှ အဆိုတော်များအနက် NAUTILUS တစ်ဦးသာ မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်ဖျော်ဖြေခြင်းဖြစ်ပြီး အခြားအဆိုတော်များ ပထမဆုံး လာရောက်ဖျော်ဖြေ ခြင်း ဖြစ်သည်။ ထို့ပြင် ကိုရီးယားအဆိုတော် များက ‘‘ကျေးဇူးတင်ပါတယ်၊ချစ်တယ်’’ စသည့် မြန်မာစကားများ ကို ပြောကြားပြီး ပရိသတ်နှင့် အပေးအယူမျှတကာ အဆိုတော်များ၏ သီချင်းများကို လိုက်ပါသီ ဆို အားပေးခဲ့သည်။

‘‘တကယ်က လူနည်းတာ မကောင်းဘူး။ လာရတဲ့ Artist တွေကို အားနာပြီးမျက်နှာပူလို့၊ ကိုယ့်နိုင်ငံလာတာ လူများစေချင် တယ်’’ဟု ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုသည့် အသက်(၂၀) ကျော်အရွယ် မိန်းကလေး တစ်ဦးက ပြောသည်။ ထို့ပြင် ဖျော်ဖြေပွဲတွင် ကိုရီးယားနိုင်ငံမှ နာမည်ကြီး အဆိုတော်များ ပါဝင်သော်လည်း  မြန်မာပရိသတ် အားပေးမှုနည်းသည့် အဆိုတော်များ ဖြစ်သောကြောင့်  လူနည်းခြင်း ဖြစ်နိုင်ကြောင်း ၎င်းကမှတ်ချက်ပြုသည်။ ယင်းဖျော် ဖြေပွဲ၏ ပြင်ပတွင် မှောင်ခိုလက် မှတ် ရောင်းချသူများက ပွဲမစမီကတည်းက လက်မှတ်ဈေးနှုန်းများ ကို တစ်ဝက်ခန့်လျှော့၍  ရောင်းချ နေသည်ကို တွေ့ခဲ့ရသည်။

No comments:

Post a Comment