Pages

Wednesday, May 22, 2019

ဧပြီအတွင်း ဖြစ်ပွားသော မြို့နယ် ၁၆ ခု တိုက်ပွဲများတွင် မြောက်ဦးနှင့် ဘူးသီးတောင် အများဆုံးဟု MIPS ထုတ်ပြန်

ယခုနှစ် ဧပြီအတွင်း  မြန်မာနိုင်ငံတစ်ဝန်း၌ လက်နက် ကိုင်ထိတွေ့မှု ဖြစ်ပွားသည့်မြို့ နယ် ၁၆ ခုရှိရာ ရခိုင်ပြည်နယ်   မြောက်ဦးနှင့် ဘူးသီးတောင်မြို့ နယ်တို့တွင် ထိတွေ့မှုအရေအ တွက် အများဆုံးဖြစ်ကြောင်း သု တေသနအဖွဲ့ဖြစ်သည့် ငြိမ်းချမ်း ရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီကျုဒ် (MIPS)ကသတင်း ထုတ်ပြန်သည်။ MIPS ၏ မြို့နယ်အဆင့် ပဋိပက္ခစောင့်ကြည့်ရေး အချက် အလက်ဒေတာဘေ့စ်၌ မှတ် တမ်းတင်ထားသော အချက်အ လက်များအရ    ဧပြီတွင် မြန်မာ နိုင်ငံတစ်ဝန်းလုံး၌ လက်နက် ကိုင်ထိတွေ့မှု  ၅၀ ကျော်နှင့်  ဒေ သန္တရလက်လုပ်မိုင်း အသုံးပြု တိုက်ခိုက်မှု   ၁၃ ကြိမ် ဖြစ်ပွား သည်ဟု ဖော်ပြခဲ့သည်။
သို့ရာ တွင် မြောက်ဦးနှင့် ဘူးသီးတောင် အပါအ၀င် မြို့နယ် ၁၆ ခု၌ တိုက် ပွဲဖြစ်ပွားမှုအရေအတွက် အသေး စိတ်ကိုမူဖော်ပြခြင်းမရှိပေ။ ဧပြီအတွင်း ဖြစ်ပွားသည့် လက်နက်ကိုင် ပဋိပက္ခသည် မတ်လ၌ ဖြစ်ပွားခဲ့သော အကြိမ် အရေအတွက်ထက် လျော့နည်း ကြောင်း၊ ယင်းသို့ လျော့နည်းလာ ခြင်းမှာ တပ်မတော်နှင့် AA အ ကြား ထိတွေ့မှုလျော့နည်း၍ ဖြစ် ကြောင်း၊ သို့ရာတွင်ထိတွေ့တိုက် ပွဲများ ပြင်းထန်ဆဲဖြစ်ကြောင်း ပါရှိသည်။

ယခင်က ရှမ်းမြောက်ဒေသ တွင် တိုက်ပွဲများပြင်းထန်ခဲ့သည့်  ရှမ်းပြည်ပြန်လည်ထူထောင်ရေး  ကောင်စီ(RCSS)နှင့် တအာင်း လက်နက်ကိုင်အဖွဲ့(TNLA)/ရှမ်း ပြည်တိုးတက်ရေးပါတီ(SSPP) ပူးပေါင်း အဖွဲ့တို့အကြားတွင် ဧပြီအတွင်းက တိုက်ပွဲမရှိခဲ့ဟု MIPS ကဆိုသည်။    RCSS နှင့် TNLA/SSPP ပူးပေါင်းအဖွဲ့တို့ အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှု များကို ၂၀၁၈  ဇူလိုင်မှ ကြည့် သော် ဧပြီတွင် ပထမဆုံး အကြိမ် အဖြစ် တိုက်ပွဲဖြစ်ပွားမှုမရှိ ကြောင်း ဖော်ပြထားသည်။

ဧပြီအတွင်း တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့(KIA) အကြား၊ တပ်မတော်နှင့် TNLA အကြား ရှမ်းပြည်နယ်တွင် တိုက် ပွဲများရှိသော်လည်း   ရှမ်းပြည်နယ် တစ်ခုလုံး၏ အခြေအနေကို ခြုံ၍ကြည့်ပါက  နယ်မြေအနေအထား တဖြည်းဖြည်း တည်ငြိမ်လာ ကြောင်း၊   ကချင်ပြည်နယ်တွင် လည်း လုံခြုံရေးအခြေအနေ တိုး တက်ကောင်းမွန်လာသည့်လက္ခ ဏာများ တွေ့မြင်ရကြောင်း MIPS က ထုတ်ပြန်သည်။ တပ်မတော်က ၂၀၁၈ ဒီဇင် ဘာ ၂၁ ရက်ကစ၍   တိုင်းစစ်ဌာန ချုပ်နယ်မြေငါးခုတွင် တစ်ဖက် သတ်အပစ်ရပ်စဲရေး ကြေညာခဲ့သော  အပစ်ရပ်နယ်မြေ၌ ပါဝင်သည့် ကချင်ပြည်နယ်၌ တိုက်ပွဲဖြစ်ပွားမှုလုံးဝမရှိဘဲ ရှမ်းမြောက် တွင်လည်း ယခင်ကထက် တိုက် ပွဲများ လျော့နည်းခဲ့သည်။ အပစ် ရပ်နယ်မြေတွင် မပါဝင်သော ရခိုင်ပြည်နယ်၌ တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

No comments:

Post a Comment