Pages

Tuesday, May 21, 2019

နမ့်ဆန်တွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားဟု TNLA ထုတ်ပြန်

ရှမ်းပြည်နယ်မြောက် ပိုင်း နမ့်ဆန်မြို့နယ်တွင် တပ်မ တော်နှင့် တိုက်ပွဲဖြစ်ပွားကြောင်း တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။  တပ်မတော်ဘက်က TNLA တပ်ဖွဲ့ရှိရာသို့ ထိုးစစ်ဆင်လာ၍ နမ့်ဆန်မြို့နယ် နမ့်ခေးကျေးရွာ အနီးတွင် မေလ ၂၀ ရက်နံနက် အစောပိုင်း၌ တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြ သည်။ မေလအတွင်း တပ်မတော်နှင့် TNLA တို့အကြား နှစ်ကြိမ်မြောက် တိုက်ပွဲဖြစ်ပွားသည်ဟု ပါရှိသည်။



နမ့်ဆန်တွင် တိုက်ပွဲဖြစ်ပွား မှုရှိသည်ဟု ကြားသိရသော်လည်း အသေးစိတ် အတိအကျမသိဟု တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူး ချုပ် ဇော်မင်းထွန်းက ပြောကြား သည်။ အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်သည် တပ်မတော်က တစ် ဖက်သတ်အပစ်ရပ်ကြေညာထား သည့် စစ်တိုင်းငါးခုတွင် ပါဝင် သည်။ တပ်မတော်သည် ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်မှ ဧပြီလကုန်အထိ တစ်ဖတ်သတ် အပစ်ရပ် ကြေညာခဲ့ရာ TNLA အပါအဝင် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ များ၏ငြိမ်းချမ်းရေး ဆောင်ရွက် လိုသော သဘောထားများကြောင့် ယခုနှစ် ဇွန်လကုန်အထိ နှစ်လကြာ အပစ်ရပ်သက်တမ်းတိုးခဲ့ သည်။

လေးလကြာမြင့်သည့် အ ပစ်ရပ်ကာလအတွင်း တပ်မတော် နှင့် TNLA အကြား တိုက်ပွဲဖြစ်ပွားမှုအချို့ရှိသော်လည်း အပစ်ရပ် ကာလမတိုင်မီထက် တိုက်ပွဲဖြစ် ပွားမှုများစွာလျော့နည်းခဲ့သည်။

TNLA အပါအဝင် ကချင်အ ဖွဲ့(KIA)၊ ကိုးကန့်အဖွဲ့(MNDAA)၊ ရခိုင်အဖွဲ့ (AA) တို့နှင့် စုဖွဲ့ထားသည့် မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့သည် မေလ ၂၄၊ ၂၅ ရက်တွင် အစိုးရ၊ တပ်မတော်နှင့် တွေ့ဆုံပြီး အပစ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရေး ဆွေးနွေးရန် စီစဉ်ထားသည်။ ညှိနှိုင်းမှုများ ပြေလည်ပါက ယခုရက်ပိုင်းအတွင်း ဆွေးနွေးပွဲကျင်းပမည့်နေရာကို  သတ်မှတ်နိုင်မည်ဟုဆိုသည်။  ဆွေးနွေးပွဲကို မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များက မူဆယ်မြို့၌ ကျင်းပလိုကြောင်း အဆိုပြုထားပြီး အစိုးရဘက်က ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မြစ်ကြီးနားမြို့တွင် ကျင်းပလို ကြောင်း အဆိုပြုထားသည်။

No comments:

Post a Comment